ရန်ကုန်တွင် တစ်ရက် ၈ နာရီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်
နိုဝင်ဘာ ၅၊ ရန်ကုန်။
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အားလုံး တစ်ရက် ၈ နာရီ လျှပ်စစ်ဓာတ်အား ဖြတ်တောက်တော့မည် ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ရုံးများတွင် အသိပေးကြေညာထားကြောင်း သိရသည်။
မြို့နယ်အလိုက် A နှင့် B အုပ်စုခွဲပြီး နံနက် ၅ နာရီမှ ၉ နာရီ၊ နံနက် ၉ နာရီမှ ၁၃ နာရီ၊ ၁၃ နာရီမှ ၁၇ နာရီ၊ ၁၇ နာရီမှ ၂၁ နာရီ ဖြန့်ဖြူးပေးမည်ဖြစ်ပြီး တစ်ရက် ၈ နာရီ ဓာတ်အားဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။
စက်မှုဇုန်များအား ပြီးခဲ့သည့်ရက်ပိုင်းတွင် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၄ နာရီဖြန့်ဖြူးမည်ဟု အကြောင်းကြားခဲ့သေးကြောင်း သိရသည်။
#centralnewsnaypyitaw
