ထူးအိမ်သင်ရဲ့ သီချင်းလေး နားထောင်ကြည့်တော့
'ချစ်သူရဲ့ အရိပ်ကလေး ဖြစ်ချင်တယ် 'တဲ့လေ ။
ဟုတ်တာပေါ့ ။ကျွန်တော် တို့တွေဟာ
ကိုယ်ချစ်ရတဲ့သူ အတွက်ဆိုရင်လေ
ထီးလေး ပဲ ဖြစ်ရဖြစ်ရ
အနွေးထည်လေးပဲ ဖြစ်ရဖြစ်ရ
အရိပ်ကလေး ပဲ ဖြစ်ရဖြစ်ရ သူ့အနားမှာပဲ ရှိနေချင်တဲ့
စိတ်ဆန္ဒလေး တစ်ခုကြောင့်ပါပဲ ။
ကိုယ်ချစ်ရတဲ့သူ နဲ့အတူတကွ ရှိနေရတဲ့
အချိန်တွေဟာလေ ဘယ်လောက်တောင်
ကြည်နူးစရာကောင်းလိုက်သလဲ ကွယ် ။