ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ်မှာ ဘယ်သူတွေ ပါသွားကြလဲ
နိုဝင်ဘာ ၅၊ နေပြည်တော်။
ဒီမနက်စတင်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာ သူ့ရဲ့ယုံကြည်အားထားသူတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး နဲ့ဗိုလ်ချုပ်ကြီးညိုစော အပါအဝင် ဝန်ကြီးချုပ်တွေလည်း ပါသွားပါတယ်။
ဝန်ကြီးချုပ်သုံးဦးလည်း ပါသွားပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်၊တနင်္သာရီတိုင်းဝန်ကြီးချုပ်နဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ်တို့ဖြစ်ပါတယ်။
နေပြည်တော်က စလေဆိပ်ကနေ တရုတ်ကိုထွက်ခွာတဲ့ ဒီခရီးစဉ်မှာ စစ်ဘက်ကိုယ်စားလှယ်တွေလည်း ပါသွားတယ်လို့ နစက က သတင်းထုတ်ပြန်ပါတယ်။
(၈) ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ် အက်စ်)ထိပ်သီးအစည်းအဝေး နဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အရပ်ဘက် စစ်ဘက် ကိုယ်စားလှယ်အဖွဲ့ နဲ့အတူ တရုတ်နိုင်ငံကိုထွက်ခွာသွားတာဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးနဲ့ကိုယ်စားလှယ်အဖွဲ့ဟာသက်ဆိုင်ရာကဏ္ဍအလိုက် အလုပ်သဘောတွေ့ဆုံတာတွေ လုပ်သွားမယ်လို့ နစက က ထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံကို ရောက်ရောက်ခြင်းမှာပဲ ကူမင်းမြို့မှာ တရုတ်လုပ်ငန်းရှင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
Credit - BBC
#သတင်းဟင်းလေးအိုးကြီး