နိုဝင်ဘာလ၃ရက်နိုင်ငံတကာသတင်းတိုများ
၁။အမေရိကန်လေတပ်၏မဟာဗျူဟာမြောက်ဗုံးကြဲလေယာဥ် B-52H နှစ်စီးသည်အီရန်ကိုသတိပေးသည့်အနေဖြင့်ယမန်နေ့ကကာတာနိုင်ငံရှိအမေရိကန်စစ်အခြေစိုက်စခန်းသိုရောက်ရှိလာခဲ့သည်။
၂။ဟားမတ်စ်သည်ခန်ယူနစ်မြိုတွင်အစ္စရေးသတင်းပေးနှစ်ဦးကိုဖမ်းလိုက်သည်။အဖမ်းခံရသူနှစ်ဦးသည်ဟားမတ်စ်အဖွဲမှဆက်သားနှစ်ဦးဖြစ်ပြီးအရေးကြီးသတင်းများကိုဟားမတ်စ်တပ်မှူးများထံပေးပိုရသူများဖြစ်သည်။ထိုနှစ်ဦး၏သတင်းပေးမှုကြောင့်ခန်ယူနစ်မြိုရှိဟားမတ်စ်တပ်မှူးနှစ်ဦးကိုအစ္စရေးကသတ်ဖြတ်နိုင်ခဲ့သည်။
၃။တရုတ်သည်သူ၏ဒုတိးမြောက်ကိုယ်ပျောက်လေယာဥ်ဖြစ်သောFC-31 တိုက်လေယာဥ်ကိုယခုနှစ်အတွင်းကျင်းပမည့် ဂွမ်ဒေါင်းပြည်နယ်ကျူဟိုင်းလေကြောင်းပြပွဲတွင်ထုတ်ဖော်ပြသဖွယ်ရှိနေသည်။
၄။ဘိုလီးဗီးယားနိုင်ငံတွင်သမ္မတဟောင်းကိုထောက်ခံသူများကစစ်သား၂၀ကိုဓါးစာခံအဖြစ်ဖမ်းဆီးထားသည်။
၅။နယူးယောက်တိုင်းမ်သတင်းစာအယ်ဒီတာဘုတ်အဖွဲကဒေါ်နယ်ထရမ့်သည်အာဏာရှင်ဖြစ်ကြောင်း၊ခေါင်းဆောင်နေရာနှင့်မသင့်တော်ကြောင်း၊အဆုံးမဲ့လိမ်ညာတတ်သူဖြစ်ကြောင်း၊သူသမ္မတဖြစ်လာပါကအမေရိကန်ရှိရွှေ့ပြောင်းနေထိုင်သူများကိုအစုလိုက် အပြုံလိုက်နှင်ထုတ်မည်ဖြစ်သလိုကမ္ဘာ့ရာသီဥတုပြောင်းလဲရေးထိန်းချုပ်မှုကိုလည်းလိုက်နာမည်မဟုတ်ကြောင်း၊ထိုကြောင့်ဒေါ်နယ်ထရမ့်ကိုမဲမပေးပဲကမ်မလာဟားရစ်ကိုမဲပေးရန်ရေးသားဖော်ပြလိုက်သည်။
Credit : NOM