"ကျောင်းအလှူ အကျိုး (၇)ပါး"

ဘုရား၊ကျောင်းကန်၊သိမ်ဇရပ် ဆောက်လုပ်လှုဒါန်းခြင်းဟာလည်း မွန်မြတ်တဲ့အလှူဒါနများထဲမှာမှ (ပမာဒ)မေ့လျှော့မထားသင့်တဲ့ အလှူဒါနတစ်ခုဖြစ်ပါတယ်။

"ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဆိုသကဲ့သို့ ဘုရား၊ကျောင်းကန်၊သိမ်၊ဘုန်းကြီးကျောင်း စတဲ့အလှူဒါနများကို ပြုလုပ်လှူဒါန်းခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးတရား (၇)ပါးကိုလဲ မှတ်သားနိုင်ဖို့ရာ ဖွင့်ဆိုလိုက်ရပါတယ်။

၁။ နတ်နှင့် လူဝယ် သန္ဓေတွယ်၍။
၂။ စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏။
၃။ မထကြက်သီး ၊ကိုယ်လည်း မလှုပ်၊ ကြောက်ရုပ်မထင် ထိတ်လန့်ဝင့်၏။
၄။ ခြင်္သေ့-သစ်-ကျား ၊သားရဲများ နှင့်၊ဖမ်းစားက လူ နှိပ်စက်မှုသား ၊တောသူ-ဖုတ်-ပြိတ်၊ အဆိပ်ထန်ပြင်း မြွေနှင့်ကင်းက ၊အဆင်းဖောက်ပြန် ၊ကုမ္ဘာဏ်-ရက္ခိုရ်၊ နတ်မိုက်ရန်ပေါင်း ဘေးလွတ်ရှောင်၏။
၅။ မကောင်း အိပ်မက် မမြင်မက်ဘူး။
၆။ ထင်လျက် သတိ၊ ခိုင်မြဲဘိ၍၊ ဝိပရိကံ၊ ဖောက်ပြန် စိတ်ရင်း၊ ရူးသွပ်ခြင်းမှ ၊ရှင်းလင်းလွတ်ရှောင် ၊ ကျိုးဆက်ကောင်း၏။
၇။ နောက်နောင်ဘဝ ပစ္ဆိမဝယ် ဂုဏကဲပို
အရဟတ္တဖိုလ် ဟု ထိုထိုကျေးဇူး၊ လွန်ပြန့်ပြူးသည် ဆောက်ဦးလှူကျိုး ခုနှစ်တည်း။

အလှူရှင်၊အလှူအမ အပေါင်းတို့လည်း ယခုလို ကျောင်းအလှူအကျိုးကို သိရှိလတ္တံ
ဘုရားဒါယကာ၊ကျောင်းဒါယကာ ဒါယိကာမများဖြစ်ကြပြီး နိဗ္ဗာန်မဂ်ဖိုလ်ကို အရောက်လှမ်းနိုင်ကြစေဖို့ အကျိုးမျှော်ကာ နှိုးဆော်တင်ဆက်လိုက်ရပါတယ် ခင်ဗျာ။

#ဓမ္မဒါန
#frankiestories

image