ရေကြီးရေလျှံမှုကြောင့် ဗလင်စီယာနှင့် ရီးရဲလ်မက်ဒရစ်ပွဲစဉ် ရွှေ့ဆိုင်း
စပိန်နိုင်ငံ၊ ဗလင်စီယာမြို့မှာ ရေကြီးရေလျှံမူတွေ ဖြစ်ပွားနေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ အိမ်ကွင်းပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ ဗလင်စီယာဒေသက ဘောလုံးပွဲစဉ်အားလုံးကို ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပြီး ဗီလာရီးရဲလ်နဲ့ ဗလက်ကာနိုတို့ရဲ့ လာလီဂါပွဲစဉ်ကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။
ဗလင်စီယာမှာ ဆိုးရွားတဲ့ ရေကြီးရေလျှံမူကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အလွန်များပြားခဲ့ပြီး လူ ၉၅ ယောက် အသေအပျောက်ရှိခဲ့တာပါ။
စပိန်အောက်တန်းလိဂ်ပွဲစဉ်တချို့ အပါအဝင် ဗလင်စီယာ အမျိုးသမီးပွဲစဉ်နဲ့ တခြား အမျိုးသမီးပွဲစဉ် တချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ပါတယ်။
လာလီဂါနဲ့ အောက်တန်းလိဂ်ပွဲစဉ်တွေမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ပွဲမစခင် တမိနစ် ငြိမ်သက်ဆုတောင်းကြဖို့လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
DVB