4 w - Translate

ကလောမြို့က
ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်🍀

ကလောရောက်ရင် ဝင်လည်ခဲ့ဖို့မမေ့ကြနဲ့နော်🍀

ထင်းရှူးတောတွေ၊ တောင်တန်းတွေကြားက Kalaw Cafeyard🏡

🏞️သွားပြီးရင်း ထပ်သွားချင်နေတဲ့ ကလောမြို့ကKalaw Cafeyard☕️

☕ Cafe တော့ Cafe ဒါပေမယ့် သဘာဝဆန်ဆန်အလှတရားလေးတွေရောထည့်ထားတယ် 🏞️

🍀ဘယ်ကိုကြည့်ကြည့် ပြေးမလွတ်တဲ့ အစိမ်းရောင် ရှုခင်းတွေရဲ့ကြားမှာ "တိတ်ဆိတ်ငြိမ်သက်မှုနဲ့အတူ" တောတောင်အလှကိုခံစားရင်း ကော်ဖီ အပူ/အအေး သုံးဆောင်နိုင်မယ့် Cafe လေးဖြစ်ပါတယ်😍

🏕 ဆိုင်လေးကအရမ်းမကျယ်ပေမယ့် ချစ်စရာကောင်းတယ် 🏘

🌲တောင်တန်းတွေ ထင်းရှူးတောတွေကို ငေးရင်း၊ အေးဆေးထိုင်ရင်း စကားစမြည်ပြောလို့ရတဲ့ outdoor seating တွေရှိတယ်

🌲မြက်ခင်းပြင်ပေါ် ခြေညောင်းလက်ဆန့် လမ်းလျှောက်ရင်း လှဲလျောင်းရင်း အပန်းဖြေလို့ရတယ်။

🌲 ကော်ဖီ၊ ‌အအေး နဲ့ တွဲစားစရာ အဆာပြေ snack တွေတင်မကဘဲ နေ့လယ်ထမင်းစားချိန်ရောက်လာရင်လည်း အဆင်ပြေမယ့် menu လေးတွေကိုရှိပါတယ်

📪လိပ်စာကတော့ ကလောမြို့၊ နှီးဘုရားအကျော်၊ အရိယာဝါသသီလရှင်ကျောင်း (ဆရာလေးကျောင်း) ကိုသွားတဲ့လမ်းအတိုင်း၊ ရှေ့ကိုနည်းနည်းလေးဆက်သွားရင် ရောက်ပြီနော်။ ဆိုင်နာမည်လေးက Kalaw Cafeyard ပါ။

ကလောမြို့လေးကို အလည်ရောက်လာရင် Kalaw Cafeyard မှာ ကော်ဖီဝင်သောက်ကြဖို့လည်းမမေ့နဲ့နော် 🤎

image
image
image
image
image