ပဲခူးမှာ ခရီးသည်တင်ယာဉ်ပေါ်ကနေ လက်နက်တွေနဲ့အတူ ဆက်စပ် တရားခံများ ဖမ်းဆီးရမိ
အောက်တိုဘာ ၃၁၊ နေပြည်တော်။
ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာနားမှာ သတင်းများအရ အောက်တိုဘာ ၂၃ ရက်နေ့က မော်တော်ယာဉ်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆေးမှုရဲ့ ခရီးသည်တင် မှန်လုံယာဉ် (၁)စီးပေါ်ကနေ ပစ္စတို သေနတ် (၁၆) လက်၊ ကျည်မျိုးစုံ (၅၃၀) တောင့်နဲ့ ၄င်းလက်နက်ခဲယမ်းတွေ သယ်ဆောင်လာသူ (၁)ဦးတို့ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူရဲ့ ထွက်ဆိုချက်အရ စစ်ကိုင်းဘက် ထပ်ဆင့်သယ်ဆောင်မယ့် သူ (၁)ဉီးကိုလည်း မန္တလေး၊ အောင်မြေသာစည်မြို့နယ်ထဲက ရတနာဘုမ္မိအနောက်ရပ်ကွက်မှာ ဖမ်းဆီရမိခဲ့သေးတယ်လို့ ဆိုပါတယ်။
လက်နက်ခဲယမ်းတွေကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဘက်နေ စစ်ကိုင်း ချောင်းဦးမြို့နယ်ဘက်ကို သယ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
#centralnewsnaypyitaw