ဝက်သားနီချက်နည်း သိချင်သူများအတွက် ချက်နည်း
လေးတင်ပေးလိုက်ပါတယ်။
ဝက်သားကို အတုံးကြီးကြီးတုံးပါ။ရေဆေးပြီး ဆား၊
အရသာမှုန့်၊ပဲငံပြာရည်အကြည်၊အနောက်(ကြာညို့)
တရုတ်မဆလာတို့နဲ့နယ်ပြီး နှပ်ထားပါ။ကြက်သွန်နီ၊ဖြူ
ဂျင်းတို့ကိုထောင်းထားပါ။ ဆီအိုးတည်။ဆီဆူရင် သကြား
၃ဇွန်းလောက်(လက်ဖက်ရည်ဇွန်း)လောက်ထည့်ပါ။
သကြားညိုအောင်လှော်ပြီးရင် ဝက်သားထည့်လုံးပါ။
ပြီးမှ ထောင်းထားတာထည့်ပါ။အရောင်တင်မှုန့်လေးကို
ပါလေဟန်လေးထည့်ပါ။(များသွားရင် မကောင်းပါ)
လုံးရေကုန်မှ ရေထပ်ထည့်ပြီး နူးအောင်ချက်ပါ။
ူနူးခါနီးကျမှ ကြက်သွန်နီကို အလုံးလိုက်ထည့်ပြီး ဆီပြန်ချ
ပါ။ချိုချဉ်အရသာကြိုက်ရင် မန်ကျည်းရေနဲနဲလေး
ထည့်လို့ရပါတယ်