27 w - Translate

💎 ကြက် ပဲငါးပိ 💎
********************
အသားလွှာပီး သကြား,အချိုမှုန့်, ဆား( အနဲငယ် ) နဲ့နယ်ပါ။
အိုးထဲထည့်ပီး မီးအေးအေးနဲ့ အသားမှ ရေများခမ်းတဲ့အထိလှော်ပါ။
မနူးသေးရင်တော့ ရေအနည်းငယ်ထပ်ထည့် လှော်ပေးပါ။

အိုးထဲကို ပဲငါးပိဆီ အနဲငယ်ထည့်ပါ။
ခရမ်းချဉ်သီးကွင်း,ကြက်သွန်နီကွင်း,ငရုတ်သီးစိမ်း ခွဲခြမ်းထည့်ပီး
မီးအေးအေးနဲ့ ကြက်သွန်နီကွင်းလေးတွေပျော့တဲ့အထိ မွှေပေးပီးရင်

အသား,အချိုမှုန့်( နဲနဲ ) ထည့်ပီး အားလုံးရောမွှေပေးပါ။

ခဏကြာရင် ရပါပြီ။

______________________________________________________

နံနံပင်တို့စား,ငရုတ်ပွကြော် ကိုက်စားနဲ့ အရမ်း ထမင်းမြိန်ပါတယ်။
ထိုင်ဝမ်မုန်ညှင်း ပြုတ်ပီး တို့စားလဲ အရမ်းကောင်းပါတယ်။

ကျမ မီးအေးအေးနဲ့ပဲ စိတ်ရှည်ရှည်ချက်တာ ရေမထည့်ရပါဘူး။

ဆီကတော့ ပဲငါးပိဗူးမှာပါတဲ့ ဆီအနည်းငယ်နဲ့ ချက်တာပါ။

#credit ပဲခူး ဒေါ်ထွေးရီ

image