4 w - Translate

ရက်သားအရွယ် ကလေ-းငယ် ခိုးယူခံရ၊ ယခုထိ ပြန်လည်ရှာဖွေ မတွေ့ရှိသေး

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဖြစ်ပွားခဲ့သည့် ရက်သားအရွယ် ကလေ-း ခိုးယူခံရမှုတွင် ကျူးလွန်သူက ကလေ-း၏ မိသားစုထံမှ ငွေည--စ်နေကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ စုံစမ်း သိရသည်။

ယနေ့ အောက်တိုဘာ (၃၀) ရက် နံနက်ပိုင်းက ဗဟိုအမျိုးသမီး ဆေးရုံတွင် ဆေးရုံတက်ရောက်နေသည့် ကလေ-းငယ်အား ခိုးယူထွက်ပြေးသွားခြင်း ဖြစ်သည်။

"အခုထိ ပြန်မတွေ့သေးပါဘူး။ လူလိ-မ်တွေပါ။ ကျွန်တော်တို့ဆီက ပိုက်ဆံတောင်းတယ်။ ငွေညှ-စ်နေတဲ့ သဘောပေါ့ဗျာ။ ကျွန်တော်တို့တွေ အတော်လေး စိတ်ပူစိုးရိမ်နေရပါတယ်။ခုထိကို မတွေ့သေးပါဘူး”ဟု မိသားစုဝင်များနှင့် နီးစပ်သူ တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယနေ့ နံနက် (၄) နာရီဝန်းကျင်က ဓာတ်ကင်ထားသည့် ကလေ-းငယ်အား မိသားစုဝင်များနှင့် လူနာစောင့် မသိအောင် ခိုးယူကာ အငှားယာဉ်ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရပြီး ယနေ့ ညနေပိုင်းအထိ ကလေ-းငယ်အား ပြန်မတွေ့သေးကြောင်း သိရသည်။

"ဗဟိုအမျိုးသမီးဆေးရုံကနေ မနက် (၄)နာရီကျော်လောက်မှာ taxi နဲ့ ထွက်သွားတယ်လို့ လုံခြုံရေးကပြောလို့ လိုက်ပို့ပေးခဲ့တဲ့ taxi ဆရာများ သိခဲ့ရင် ပို့ခဲ့တဲ့ နေရာလေးကို ပြောပြပေးစေချင်တာပါခင်ဗျာ။ကလေ-း အမေမှာလည်း အရူးမီးဝိုင်းဖြစ်နေလို့ပါ"ဟု မိသားစုဝင်များက လူမှုကွန်ရက်တွင် လည်း ရေးသားမျှဝေထားသည်။

ကလေ-းငယ်အား ညောင်ခါးရှည် စစ်ဆေးရေးဂိတ်တွင် ပြန်လည်တွေ့ရှိကြောင်း လူမှုကွန်ရက်၌ သတင်းအမှားများ ရေးသားဖြန့်ဝေမှုများလည်း ရှိနေပြီး အမှန်တကယ်တွင် ညနေ (၅)နာရီအထိ ပြန်မတွေ့သေးကြောင်း မိသားစုဝင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

" အခုတော့ ရဲတွေရော ဆေးရုံကတာဝန်ရှိ‌သူတွေရော ပူးပေါင်းပြီး ရှာဖွေနေပါတယ်။ ခုထိတော့ ဘာမှမထူးသေးဘူး။ လိုင်းပေါ်မှာပြန်တွေ့နေပြီဆိုတဲ့ဟာက သတင်းအမှားပါ။ ဆေးရုံဘက်ကလည်း တတ်နိုင်သလောက်လုပ်ပေးနေပါတယ်။ CCTV တွေလည်းထုတ်ပေးပါတယ်။ ဆေးရုံကိုလည်းအပြစ်ပြောလို့မရသလို မိခင်ပေါ့ဆတယ်လို့လည်းပြောလို့မရဘူး။ မိခင်အိပ်နေတယ့်အချိန်ပျောက်သွားတာ"ဟု မိသားစုဝင်တစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

လက်ရှိတွင် ကလေ-းငယ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာက လူနာစောင့်နှင့် ဆေးရုံ CCTV မှတ်တမ်းများကို စစ်ဆေးနေကြောင်းလည်း သိရသည်။

image