4 w - Translate

🏞️ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာ

အနမ်းဝိုင်ရုပ်ရှင်ရို၊က်ခဲ့တဲ့ရွာလေးပေါ့☘️

🍀ရှမ်းပြည်ရောက်ပြီးဒီနေရာကိုတော်တော်များများမရောက်ခဲ့ကြဘူး

🏡တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ ရိုးရာနေအိမ်လေးတွေအခုနှစ်ပိုင်းမှသာတိုက်အိမ်လေးတွေဆောက်လာကြတာကိုတွေ့ရတယ်

🏞️တောင်ကြီး-ဟိုပုံး-လွိုင်လင် ပြည်ထောင်လမ်းမအတိုင်း ဟိုပုံးအကျော် ထမ်ဆန်းဂူမရောက်ခင် ရွာသစ်ကျေးရွာအတွင်းရှိ အထူးဒေသ(၆)၊ မဲနယ်တောင်ဒေသ သို့ ဆိုသော ဆိုင်းဘုတ်အတိုင်း တောင်ဘက်ကတ္တရာလမ်းအတိုင်း ကွေ့တက်ရပါတယ်

🏞️ကျောက္ကချားကျေးရွာဆိုတာ အိမ်ခြေ (၇၀၀) ကျော်ရှိပြီး ပုံစံတူတဲ့ ရှေးဟောင်းအိမ်၊ နှစ်ဆောင်၊ သုံးဆောင်အိမ် (လမ်းကိုခေ့ꩻလမ်းဒေ့ꩻဆုံး) အများစုဖြစ်ကြပါတယ်။ ကတ္တရာလမ်းလမ်း ရွာထိပေါက်ပြီး အထက်တန်းကျောင်း၊ ဆေးပေးခန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်မီး အစုံအလင်ရှိပြီး ရှေးဟောင်းအိမ်အများစုဖြစ်ပေမယ့် ခေတ်မီပြီး သန့်ရှင်းသာယာတဲ့ စံပြကျေးရွာဖြစ်ပါတယ်။

🏞️တောတောင်ထူထပ်ပြီး သစ်ပင်ဖုံးလွှမ်းမှုများပြားတာကြောင့် ရေလည်း အိမ်ပေါ်ထိရောက်ပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ကျေးရွာအတွင်း ရေစီးရေလာတဲ့အထိ
ရေပေါများတဲ့ကျေးရွာဖြစ်ပါတယ်။

🏞️အဓိကစိုက်ပျိုးရေးကတော့ လယ်၊ သနပ်ဖက်၊ ပြောင်း၊ ကော်ဖီ၊ ထောပတ်၊ လက်ဖက်တွေအပြင် အခြားသီးနှံများလည်း စုံစုံလင်လင်စိုက်ပျိုး အမွေးကြပါတယ်။

🏞️ကျောက္ကချား ကျေးရွာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်

image
image
image