4 w - Translate

Mixsoon Bean Essence🌺

Snail essence တွေရဲ့ vegan alternative ဆိုပြီး နာမည်ကြီးတဲ့ Mixsoon bean essence ပါ။ Serum အနေနဲ့ရော Exfoliant အနေနဲ့ပါ သုံးနိုင်တယ်လို့ ဆိုကြတယ်။ ပါဝင်ပစ္စည်းက စုစုပေါင်းမှ 7ခုပဲ။ Hydration အတွက် glycerin ရယ် Soybean, Pomegranate, Barley, Pear တို့ရဲ့ ferment filtrate တွေရယ် ပါဝင်တယ်။ Alcohol, Fragrance, Essential oil free! အချဉ်ဖောက်ထားတဲ့ ingredients တွေကို အဓိကသုံးထားတဲ့ product မျိုးပေါ့နော်။ Ferments တွေက အသားအရေအတွက် ဘာကောင်းလဲဆိုရင် သူတို့က skin penetration အားသာတာမလို့ effect မြန်မြန်ရစေတယ်၊ တွဲသုံးတဲ့တခြား skincare ကို boost လုပ်ပေးတယ်၊ skin ကို soften & brighten ဖြစ်စေတယ်၊ skin barrier ကို repair လုပ်နိုင်တယ်။ နောက်ပြီး fermentation process ဝင်ထားတဲ့ ingredient ရဲ့နဂိုအာနိသင်ကိုလဲ 2-3ဆတိုးစေပါတယ်။ Hydration လဲရတယ်ပေါ့နော်။ ဒါပေမဲ့ ဒါတွေက on paper အချက်အလက်တွေပဲ ရှိပါသေးတယ်။ တကယ်တမ်း ထိမိတဲ့ skincare မှလျှင် ဒီ result တွေရနိုင်မယ်ပေါ့နော်။ ဒီ Mixsoon bean essence ကို Nyi သုံးရသလောက် သူ့အားသာချက် အားနည်းချက်တွေ ထင်ထင်ရှားရှားမြင်ရပါတယ်။ First of all, texture ရဲ့ကောင်းမွန်မှု။ Snail texture လိုမျိုး gloopy ဖြစ်ပေမဲ့ တချိန်တည်းမှာ lightweight ဖြစ်နေတာ မြင်ရတယ်။ လိုတာထက်ပိုပြီး စေးကပ်မနေဘူး၊ မပူဘူးမထူဘူး၊ အနံ့လုံးဝမပါဝင်ဘူး။ စိမ့်ဝင်သွားပြီးရင် skin က conditioning လုပ်သလို အိအိတင်းတင်းလေးဖြစ်တယ်။ Moisturizer လိုက်လိမ်းလို့ကောင်းတယ်ပေါ့နော်။ သူ့ texture ကပေါ့ပါးပေမဲ့ serum 2,3ခုတွဲသုံးလို့ရလောက်အောင်တော့ မပေါ့ပါးပါဘူး။ သူ့လိမ်းရင် serum step မှာ သူ့တခုပဲသုံးဖို့ Nyi အကြံပေးချင်ပါတယ်။ အာနိသင်ပိုင်းမှာတော့ Nyi သူ့ကနေရတာ mild exfoliation နဲ့ soothing effect ပါပဲ။ သူ့သုံးတဲ့တလျှောက် အဖုဗြုတ်စိလေးတွေ အသားကြမ်းညစ်တာတွေသက်သာတာ သတိထားမိတယ်။ Skin brighten ဖြစ်တာမျိုးတော့ မမြင်ရပါဘူး။ အားမလိုအားမရဖြစ်တာက ဒီ serum က hydration ပေးတဲ့အပိုင်း တော်တော်အားနည်းတာကိုပဲ။ This literally gives little to no hydration if I’ve to be honest😭 တချို့ပြောကြတဲ့ သူ့ကို peeling gel လိုမျိုး skin ပေါ်မှာပွတ်ပြီး သုံးလို့ရတယ်ဆိုတာကို ကိုယ်တော့မ try ဖြစ်ပါဘူး။ လက်တွေ့မဆန်ဘူးထင်လို့လေနော်၊ 50ml တဗူး 5သောင်းပတ်ချာလည်ရှိတဲ့ serum ကို affordable ဖြစ်တဲ့ peeling gel တွေထက်ကျော်ပြီး သုံးရမတဲ့လား?? ဒါပေမဲ့လဲ product ကောင်းလေးတခုမလို့ အပေါ်ကပြောခဲ့တဲ့အာနိသင်တွေလိုချင်ရင် try ကြည့်ဖို့ recommend လုပ်ပါတယ်။

#crd

image