27 w - Translate

ကိုယ်သာဝယ်မစီးနိုင်တာ သူတို့က ထုတ်တာတောင်ရပ်ပြီတဲ့။ အကြိုက်ဆုံးကားလေးထဲက တစင်း

Audi R8 တစ်ခန်းရပ်ပြီ
Audi ကသူတို့ရဲ့လူကြိုက်များခဲ့တဲ့ Supercar Audi R8 ကို ၁၈ နှစ်ကြာထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ ထုတ်လုပ်မှုရပ်နားတော့မှာဖြစ်ပါတယ်။ Vegas Yellow coupe Performance Quattro Edition လို့ခေါ်တဲ့ Audi R8 ရဲ့နောက်ဆုံးတစ်စီးကို အမှတ်တရအနေနဲ့ ပြတိုက်မှာပြသထားဖို့ စတုဂတ်မြို့အနီး Böllinger Höfe စက်ရုံမှာထုတ်လုပ်ခဲ့ပြီးနောက်မှာတော့ Audi R8 တွေတရားဝင်အဆုံးသတ်သွားပါပြီ။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ရောင်းအား ၄၉ ရာခိုင်နှုန်းအထိတက်ခဲ့ပေမယ့် ၁၅၉၁ စီးသာရောင်းခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Iron Man ရုပ်ရှင်ဇာတ်ကားမှာပါဝင်ခဲ့ပြီး ဒီနှစ်မှာစံချိန်တင်အစီးရေ ၅၀၁၆ စီးရောင်းခဲ့ရပါတယ်။ ဒါပေမဲ့နောက်ပိုင်းနှစ်တွေမှာတစ်နှစ်ထက်တစ်နှစ် ရောင်းအားကျဆင်းလာပြီး တစ်နှစ်အစီး ၁၀၀၀ ကျော်သာရောင်းရပါတော့တယ်။
Audi R8 ရဲ့ Fully electric version ဖြစ်တဲ့ Audi R8 e-tron ကို ၂၀၁၅ ကနေ ၂၀၁၆ အထိထုတ်လုပ်ခဲ့ပါတယ်။ R8 တွေကိုအဆုံးသတ်ပြီးနောက် All electric version ကိုပြန်လည်အသက်သွင်းမယ်လို့ သတင်းတွေထွက်နေပေမယ့် အတည်ပြုထားတာတော့မရှိသေးပါဘူး။
Audi R8 ရဲ့နောက်ဆုံးအစီးမှာ စတင်ထုတ်လုပ်တဲ့နေ့ (06.11.06) ၊ နောက်ဆုံးထုတ်လုပ်တဲ့နေ့ (22.03.24) ၊ စုစုပေါင်းထုတ်လုပ်ခဲ့တဲ့အစီးရေ (44418) တွေနဲ့ Audi စက်ရုံ “Böllinger Höfe မှသည်တစ်ကမ္ဘာလုံးမှ လမ်းမများနှင့်ပြိုင်ကားကွင်းမှာဆီသို့” အစရှိတာတွေတွေကိုတွေကိုဖော်ပြထားပြီး ပြတိုက်မှာပြသထားမှာဖြစ်ပါတယ်။
Audi R8 ရဲ့နှစ်အလိုက်ရောင်းအားတွေကတော့
2007 – 2952
2008 – 5016
2009 – 3074
2010 – 3166
2011 – 3349
2012 – 2536
2013 – 2595
2014 – 2222
2015 – 2191
2016 – 2878
2017 – 3068
2018 – 2760
2019 – 1944
2020 – 1651
2021 – 1887
2022 – 1068
2023 – 1591 တို့ဖြစ်ပါတယ်။
#sfact
#s_cars

image