ရှမ်းတောင်၊ ရွာငံ-ဟံမြင့်မိုရ်လမ်းပိုင်းတွင် ဘုရားဖူးကားတစ်စီး ချောက်ထဲထိုးကျပြီး ၇ ဦး သေဆုံး
အောက်တိုဘာ ၂၉၊ နေပြည်တော်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင် အချိန်က ဘုရားဖူးကားတစ်စီး ချောက်အတွင်း ထိုးကျပြီး ၇ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီရုံးမှ သိရသည်။
ရွာငံ - ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက် အနီး ဟဲဟိုးတွင် ကထိန်ခင်းပြီး မန္တလေးမြို့သို့ ဘုရားဖူးရန်လာသော ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus တစ်စီးသည် ယာဉ်မတော်တဆဖြစ်ပြီး အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွား၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းရုံးမှ ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ထွက်ခွာကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ယာဉ်ပေါ်ပါ ၂၈ ဦး အနက် ထိခိုက်လူနာ ၁၇ ဦး အနက် ၇ဦး (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူ ၇ ဦး ရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw