သီးရွက်စုံလှော်(ကဆော့သီး ဆူးပုတ်
သင်္ဘောဖူး ဟင်းခပေါင်းသီ)
သင်္ဘောဖူးကိုခြွေပြီးနူးအောင်ပြုတ်ပါ
ကစော့သီးကို ဆုံမှာ အလုံးကွဲထောင်းပြီး
ရေစိမ်ထားပါ
ဆူးပုတ်ကို အနုခြွေထားပါ
ဟင်းခပေါင်းသီးကို လှီးဖြတ်ထားပါ
ချက်မဲ့အိုးတစ်လုံးထဲမှာ
ဆူးပုတ်ကလွဲပြီး ကျန်တာအကုန်ထည့်ပါ
ငပိအနေတော် ဆား ဟင်းခပ်မူန့်
ဆီအနေတော် ဆနွင်းမူန့် ငရုတ်သီးစိမ်း
ပိုင်းထည့်ပြီး ရေအနေတော်နဲ့လှော်ပါ
အိုးဆူရင်ခဏခဏမွှေပေးပါ
ရေစပ်စပ်ကျန်ရင် ဆူးပုတ်အုပ်ပါ
ရေခမ်းရင် ထမင်းမြိန်တဲ့
သီးရွက်စုံ ထမင်းမြိန်တဲ့ဟင်းလှော်
တစ်ခွက်ရပါပြီရှင့် 😊