Frankie shared a post  
4 w

4 w

"မြတ်သော ဆေးအလှူ"

အလှူဒါနရဲ့ အခြေခံကို ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေးပစ္စည်းလေးပါး ဒါယိကာ ရယ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟောကြားတော်မူခဲ့ပါတယ်။ ဒီလို အလှူဒါနများစွာထဲမှ ဆေးအလှူရဲ့မြင့်မြတ်လှတဲ့ အကျိုးပေးပုံများကိုလဲ အခုလို အချက်အလက်များနဲ့အတူ ပြောပြပေးချင်ပါတယ်။

၁။ အသက်ရှည်ခြင်း။
၂။ ခွန်အားကြီးခြင်း။
၃။ ပညာကြီးခြင်း။
၄။ အဆင်းလှခြင်း။
၅။ အခြွေအရံများ၍ ကျော်စောခြင်း။
၆။ ဆင်းရဲကင်း၍ ချမ်းသာခြင်း။
၇။ ဘေးဥပါဒ် ကင်းခြင်း။
၈။ ရောဂါ ရန်မာန်ကင်းခြင်း။
၉။ လူ၊နတ်တို့၏ အပူဇော်ကို ခံရခြင်း။
၁၀။ ချစ်သူနှင့်မကွဲကွာရခြင်း။

ထိုနည်းတူ -
"သက်ရှည်ကျန်းမာ၊ဘေးရန်ကွာ၍
ချမ်းသာဆင်းလှ၊ခြံရံရလျှက်
ဗလအားကြီး၊ပညာကြီး၍
ပစ္စည်းခိုင်မြဲ၊မကွဲချစ်သူ
ကျိုးဆယ်ဆူမှာ၊ဆေးလှူသူတို့ရဖို့တည်း"ဟူကာ ရှေးလူကြီးများကလည်း စာဆိုကဝိပြုခဲ့ကြလေပါတယ်။

"အလှူဒါနပြုကြသူငါ"ဆိုတဲ့စကားလို လှူဒါန်းမှုတွေ များစွာပြုလုပ်နိုင်ကြသလို လှူလိုက်ကြတဲ့ အလှူတိုင်းမှာလဲ မိမိတို့အလှူအထမြောက်စေဖို့ ​ပုဗ္ဗ၊မုဉ္စ၊အပရ ဆိုတဲ့ စေတနာသုံးတန်ကို ရှေ့ထား သဒ္ဒါတရားယိုဖိတ်ကာ လှူဒါန်းမှုပြုနိုင်ကြစေဖို့ တိုက်တွန်းနှိုးဆော်တင်ဆက်လိုက်ရပါတယ် ပါရမီရှင်အပေါင်းတို့။

#ဓမ္မဒါန
#frankiestories

image