အလှမယ် သဲစုညိမ်း ရရှိခဲ့တဲ့ 2nd Runner-Up ဆု ရုပ်သိမ်းခံရ
အောက်တိုဘာ ၂၉
Miss Grand International 2024 ပြိုင်ပွဲမှာ မြန်မာအလှမယ် သဲစုညိမ်းရရှိခဲ့တဲ့ 2nd Runner-Up ဆုကို MGI ကရုပ်သိမ်းတယ်လို့ အောက်တိုဘာ ၂၈ ရက်နေ့က ထုတ်ပြန်လာပါတယ်။
ဆုရုပ်သိမ်းခံရတာဟာဆိုရင် သဲစုညိမ်းဟာ မသင့်လျော်တဲ့ အပြုမှုတွေနဲ့ စည်းကမ်းဖောက်ဖျက် မှုတို့ကြောင့် လို့ MGI ကbဆိုပါတယ်။
Miss Grand International 2024 ပြိုင်ပွဲရဲ့ Grand Final ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ MGI Hall အောက်တိုဘာ ၂၅ ရက်က ကျင်းပခဲ့ပြီး အိန္ဒိယအလှမယ်က သရဖူဆွတ်ခူးခဲ့ကာ ဖိလစ်ပိုင်မဘ်က 1st Runner up နဲ့ သဲစုညိမ်းက 2nd Runner up ရရှိခဲ့ကြတာပဲဖြစ်ပါတယ်။
သဲစုညိမ်းကလည်း သူရဲ့ လူမှုကွန်ယက်မှာ MGI ကနေနုတ်ထွက်ခဲ့တယ်လို့ Live ထုတ်လွှင့်ပြီး ပြောဆိုခဲ့ တာကိုတွေ့ရပါတယ်။