အပိုင်အခွင့်အရေး အသုံးမချနိုင်ခဲ့သည့်အပေါ် မန်ယူနည်းပြ တန်ဟတ်ဂ် ဒေါသထွက်
ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့အပေါ် မန်ယူနည်းပြ အဲရစ်တန်ဟတ်ဂ်က ဒေါသထွက်ခဲ့ပါတယ်။
မန်ယူအသင်းဟာ ပွဲပြီးခါနီးမှာ ပင်နယ်တီပေးလိုက်ရတာနဲ့အတူ ၂ ဂိုး ၁ ဂိုးနဲ့ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေး ၆ ကြိမ် ၇ ကြိမ်လောက်ရရှိခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
နောက်ခံလူ ဒါလော့ အပိုင်အခွင့်ရေးရခဲ့သလို ဂါနာချိုက နှစ်ကြိမ်၊ ဟွိုက်လန်းက တကြိမ်အပါအဝင် ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ဟာလည်း အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ကစားပုံကောင်းမွန်ခဲ့တာကြောင့် ဂိုးသွင်းခွင့်တွေ အသုံးမချနိုင်ခဲ့တာကလွဲရင် တခြားဝေဖန်စရာ မရှိကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
မန်ယူအသင်းဟာဒီပွဲအရှုံးကြောင့် အမှတ်ပေးဇယားအဆင့် ၁၄ အထိ ရောက်ရှိသွားခဲ့ရပါတယ်။
DVB