4 w - Translate

Jumiso Snail Mucin 95 + Peptide Facial Essence🌺

Snail essence ထဲမှာ အာနိသင်အရရော price to performance အရပါ ဝယ်လို့အကောင်းဆုံးလို့ Nyi ကိုယ်တိုင်သတ်မှတ်ထားတဲ့ Jumiso snail essence ပါ။ 140ml ကို 5သောင်းဝန်းကျင်ဖြစ်ပြီး တဗူးဆိုတော်တော်လေးအသုံးခံပါတယ်။ တခြား snail essence တွေနဲ့ယှဉ်ရင် သူ့မှာအားသာသွားတာက peptides တွေပါဝင်လာတာနဲ့ 140ml content ဖြစ်တာပါပဲ။ Peptides တွေပါလို့ အသားအရေကိုပြုပြင်ထိန်းသိမ်းတဲ့အပိုင်းမှာ မြန်မြန်ဆန်ဆန်နဲ့ပိုထိရောက်တယ်၊ skin barrier ကိုပြုပြင်ပေးတယ်၊ အရေပြားရဲ့ collagen ထုတ်လုပ်မှုကို အားပေးတယ်ပေါ့နော်။ Snail secretion filtrate ကတော့ အားလုံးသိကြတဲ့ star ingredient တခုပါ။ Hydration ကောင်းကောင်းပေးနိုင်တဲ့ skincare ingredient တခုဖြစ်ပြီး အသားအရေရဲ့ healing process ကိုအရှိန်မြှင့်ပေးတယ်၊ natural glycolic acid source ဖြစ်တာကြောင့် skin tone မညီတာတွေ သက်သာစေပါတယ်။ နောက်ပြီး ဝက်ခြံကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကိုလဲ လျှော့ချပေးတယ်ပေါ့နော်။ Alcohol, Fragrance, Essential oil free! သူ့ရဲ့ texture က snail essence အများစုလိုပဲ ပျစ်ချွဲချွဲရှိတယ် ဒါပေမဲ့ လိမ်းရတာ အရမ်းချွဲချွဲကြီးမနေဘူး။ အတော်အသင့်ပဲကွာ၊ စိမ့်ဝင်တာလဲမကြာဘူး။ လိမ်းပြီးသွားရင် skin ကအရမ်းရေဓာတ်ရသွားတယ်။ ချောချောမွေ့မွေ့လေးနဲ့ moisturizer တခုလောက်လိမ်းရင်ကို လုံလောက်သွားပြီ။ ညလိမ်းအိပ်တဲ့အခါ မနက်ကျရင် အသားအရေကကောင်းပြီး အစိုဓာတ်ပြည့်နေတာ မြင်ရတယ်။ Exfoliate လုပ်တာများပြီး barrier ထိချင်သလိုဖြစ်နေရင်လဲ သူ့ကိုပဲနေ့ညသုံးတဲ့အခါ recover ရတာမြန်တယ်။ ဝက်ခြံတွေ အဆီဖုတွေလဲ ပိုမဆိုးစေလို့ ဘယ်သူမဆိုသုံးနိုင်တယ်ပေါ့နော်။ သို့ပေမဲ့ တခုထည့်ပြောရမှာက သူက essence လို့နာမည်တပ်ထားသော်ငြားလဲ serum step မှာလိမ်းရမယ့် essence မျိုးပါ။ Nyi သုံးဖူးသမျှထဲ အကောင်းဆုံး serum တွေထဲက တခုမလို့ မဖြစ်မနေ try ကြည့်စေချင်ပါတယ်နော်။ ဒီအတိုင်းဆို စျေးများတယ်ထင်ရပေမဲ့ 140ml size ဆိုတော့ 7-8လအနည်းဆုံးသုံးရလို့ တန်တာထက်ပိုပါတယ်။ All skin types recommend!

image