မြန်မာနိုင်ငံထုတ် စားသောက်ကုန်တွေ မစားကြဖို့ အမေရိကန် သတိပေးထားမြစ်
အောက်တိုဘာ ၂၈
မြန်မာနိုင်ငံက တရားမ၀င်တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို မရောင်းချဖို့၊ မစားကျဖို့ကို အမေရိကန် ပြည်နယ်တွေထဲမှာ အမေရိကန်အစားအသောက်နဲ့ ဆေး၀ါးကွက်ကဲရေးအဖွဲ့ (FED)၊ အစားအစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန FSIS က သတိပေးထားမြစ်စာ ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်မှုကို အောက်တိုဘာ ၂၄ ရက်စွဲနဲ့ မြန်မာနိုင်ငံက စားသောက်ကုန်တွေဖြစ်တဲ့ အသားဟင်း စည်သွပ်ဗူး၊ မုန့်ဟင်းခါးအနှစ်၊ အုန်းနို့ခေါက်ဆွဲအနှစ်နဲ့ ငါးခြောက် တို့ ပါဝင်တာကို တွေ့ရပါတယ်။
အဲ့ဒီစားသောက်ကုန်တွေဟာ တရားဝင် ဝင်ရောက်လာတာမဟုတ်သလို USDA စစ်ဆေး အမှတ်အသားလည်း ပါဝင်မှုမရှိဘူးလို့ သိရပါတယ်။
မြန်မာနိုင်ငံက စားသောက်ကုန်တွေကို အမေရိကန် နိုင်ငံထဲက Arizona၊ California၊ Lowa၊ Kansaa၊ Maryland၊ Minnesota၊ Nebraska နဲ့ Oklahoma ပြည်နယ်တွေကနေ လက်လီ ဆိုင်တွေကို အဓိက တင်ပို့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ - FSIS က ထုတ်ပြန်သတိပေးထားမြစ်ထားသည့် မြန်မာစားသောက်ကုန်
#centralnewsnaypyitaw