Frankie shared a post  
4 w - Translate

မှတ်သားလေ့လာဖွယ်ရာ မြန်မာ့မူပိုင် တိုက်ပုံ

4 w

"မှတ်သားလေ့လာဖွယ်ရာ မြန်မာ့မူပိုင် တိုက်ပုံ"

မသိတာ မဟုတ်ပါဘူး ...မသိချင်ကြတာပါ...

နောင်လာနောက်သားတို့ လေ့လာမှတ်သားဖွယ်ရာမြန်မာ့သမိုင်းအကြောင်းအရင်းများစွာ ရှိနေပါတယ်။ အရင်ခေတ်က သမိုင်းများစွာ ရှိနေပေမယ့် လက်လှမ်းမှီသလောက်အတွေးများစွာ လက်ဆင့်ကမ်း လာပြီး ယခုခေတ်မြန်မာလူမျိုးများဟာ နားလည်ထားတတ်သလို အတွေးများစွာနဲ့ အဆင့်ဆင့်လက်ဆင့်ကမ်းလာကာ အတွေးမှား ၊အမြင်မှား ယူဆချက်မှားများစွာ နှင့် ထင်မြင်မှုပေါင်း များစွာ ကို ပြောဆိုနေကြလေပါတယ်။
မြန်မာ့ယဉ်ကျေးမှုလက်ရာ မူပိုင်အမွေအနှစ်များကို အခုခေတ်ကာလမှာတော့ တိုင်းတပါးက ပုံတူကူးကာ သူတို့ ယဉ်ကျေးမှု သဖွယ် ရဲရဲဝင်ပြောဆိုနေကြသည်မှာ ယနေ့ခေတ်မြန်မာများရဲ့ သမိုင်းမသိမှုတွေကနေပိုမို ဖြစ်ပေါ်လာရတယ်လို့ ပဲပြောရတော့မှာပါ။
တိုက်ပုံဆိုတာမြန်မာလူမျိုးကနေစတင်တယ်ဆိုတာ ဘာလို့မသိကြရတာလဲ ?
မသိဟန်ဆောင်နေတာ မဟုတ်ပါဘူး!
မသိချင်ကြတာပါ။ဘာလို့လဲဆိုတော့ တိုင်းတပါးယဉ်ကျေးမှုကိုမှ အထင်ကြီးတဲ့ စိတ်တွေများနေကြတာကြောင့်ပါ။
မြန်မာ့ မူပိုင် -တိုက်ပုံ ဆိုတဲ့ အခေါ်အဝေါ်မပေါ်လာခင်ကတည်းက ပုဂံခေတ်ရာဇဝင်များ အုတ်ခွက်ဘုရားများတွင် ရှေးမြန်မာ့သိုရင်းအင်္ကျီ ကို တွေ့မြင်ရမည်ဖြစ်ပြီး ထိုခေတ်ထဲက တိုက်ပုံအင်္ကျီနှင့် ဆင်တူသောဝတ်စုံပေါ်ပေါက်ခဲ့ရတယ်လို့ လေ့လာမှတ်သားရပါတယ်။
ဒါကြောင့် တိုက်ပုံ ကို တရုတ်ကမှီငြမ်းတယ်၊ယိုးဒယားက ပုံတူယူတယ်ဆိုတဲ့ သဘောထားကွဲလွဲမှုတွေဟာ မဖြစ်သင့်တဲ့ ကိစ္စရပ်တွေပါ။
ယနေ့ခေတ်မြန်မာများရဲ့ အပြောအဆိုများမှာ ကြားတွေ့နေရတာကတော့ ..ထိုင်းပိုး၊ထိုင်းချိတ်ဆိုရင် ပိုတန်ဖိုးရှိတယ်ဆိုပြီး ပိုမိုပြောဆိုကာ မိမိတို့တန်ဖိုးထားမှုကို ပြသနေကြတာပါ။ထိုသို့ပြောဆိုလေလေ ထိုင်းတို့က ခပ်တည်တည်နဲ့ပဲ ပုံတူကူးချနေမှာပါ။အခုဆို မြန်မာခေါင်းပေါင်း၊မြန်မာ့ခြေချင်း၊မြန်မာ့ဆင်ယင်ထုံးဖွဲ့မှု၊မြန်မာ့တိုက်ပုံတို့ကိုပါ မှီငြမ်းကာ ယိုးဒယားယဉ်ကျေးမှုသဖွယ် Media မှာပါရဲရဲတင်းတင်းသုံးစွဲနေကြတာ အားလုံးလဲ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် သမိုင်း ဆိုတာ မမေ့တန်ကောင်းတဲ့အရာတစ်ခုပါ။
"ရှေးထုံးလဲမပယ်နဲ့ ဈေးသုံးလဲမလွယ်နဲ့" ဆိုတဲ့ စကားရဲ့ထုံးကို နှလုံးမူပြီး သတိလက်လွတ်ဖြစ်နေတာတွေကို စူးစမ်းလေ့လာကာ မြန်မာ့သမိုင်းအမွေအနှစ်များကို သေချာစွာ သိရှိစေရန် ရည်ရွယ်တင်ပြလိုက်ရပါတယ်ခင်ဗျာ။
#ancient
#history
#culture
#heritage
#frankiestories

image