AFC Challenge League 2024 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြု ရှမ်းယူနိုက်တက်အသင်း ဂိုးပြတ်ဖြင့် အနိုင်ရရှိ
AFC Challenge League 2024 ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိရာ ယနေ့အောက်တိုဘာ(၂၇)ရက် ညနေပိုင်းက လာအို (Young Elephants ) အသင်း နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ရှမ်းယူနိုက်တက်အသင်းက ပထမပိုင်း ပွဲချိန်အတွင်း၌ပင် အဖွင့်ဂိုး (၂)ဂိုး သွင်းယူခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်တွင် လာအိုအသင်းက ချေပဂိုးပြန်လည် မသွင်းယူနိုင်သလို ရှမ်းယူနိုက်တက်အသင်းကလည်း ဂိုးထပ်မံမသွင်းယူနိုင်ဘဲ ပွဲပြီးဆုံးခဲ့သည်။
အာရှဘောလုံးအဖွဲ့ချုပ် ကလပ်အသင်းများပြိုင်ပွဲ( AFC Challenge League 2024 )ကို မြန်မာ၊ လာအို၊ တိုင်ပေ သုံးသင်းအုပ်စု ပတ်လည် ယှဉ်ပြိုင်ကစားသွားနေကြခြင်းဖြစ် သည်။
ပြိုင်ပွဲကို ယနေ့ အောက်တိုဘာ (၂၇) ရက်မှ နိုဝင်ဘာ(၂ ) ရက်အထိ (၆) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။