4 w - Translate

အာဆီယံ ဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရန် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ

အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ထိုင်းနိုင်ငံသို့ ယနေ့အောက်တိုဘာ (၂၇)ရက် ညနေပိုင်းက ထွက်ခွာသွားကြောင်း သိရသည်။

အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲကို ထိုင်းနိုင်ငံတွင် နိုဝင်ဘာ (၄) ရက်မှ (၁၀) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

ပဏာမ မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းတွင် အုပ်ချုပ်၊ နည်းပြအဖွဲ့ဝင် (၁၀)ဦးနှင့် ကစားသမား (၁၆)ဦးတို့ ပါဝင်ပြီး ပြိုင်ပွဲကာလ မတိုင်မီတွင် လေ့ကျင့်ရေး ခြေစမ်းပွဲ (၂) ပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် ၂၀၂၄ အာဆီယံ ဖူဆယ် ချန်ပီယံရှစ် ပြိုင်ပွဲတွင် အုပ်စု (ခ)တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး၊ နိုဝင်ဘာ (၄) ရက်တွင် ဩစတြေးလျ အသင်း၊ နိုဝင်ဘာ (၅)ရက်တွင် ကမ္ဘောဒီးယား၊ နိုဝင်ဘာ (၆) တွင် အင်ဒိုနီးရှား အသင်းတို့နှင့် အုပ်စုပွဲစဉ်များ အဖြစ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

imageimage