4 w - Translate

တကယ်သာ အဲဒီနေ့က လွှတ်ချခဲ့ရင်
ငါဟာ အခုချိန်ထိ ရှင်သန်နေနိုင်ပါ့မလားပဲ

ဖြစ်လိုရာဖြစ်ပါစေတော့လို့
လက်လျှော့ပစ်လိုက်မလို့
ဘာမျှလုပ်မရတော့ဘူးဆိုပြီး
ရပ်လိုက်တော့မလို့
ငါလုပ်လို့ ဘာမှဖြစ်မြောက်မှာမဟုတ်ဘူးလို့
စိတ်ပျက်ရလွန်းလို့

အဲဒီနေ့တွေတုန်းက စိတ်ဓာတ်က
အောက်ဆုံးထိဖြစ်သွားခဲ့တာ

နည်းနည်းလေးကောင်းလာနိုင်မလား
အဆင်ပြေလာမလား
လျှောက်ကြည့်ပါအုံးမယ်လေ
ဆက်လုပ်ကြည့်ပါအုံးမယ်လေ
အဲလို
ယုံကြည်ခြင်း မရဲတစ်ရဲနဲ့
ငါခရီးဆက်ဖြစ်ခဲ့တယ် ထင်တယ်

အခုချိန်မှာ ကျေးဇူးအတင်ရဆုံးဆိုရင်
အတိတ်က ငါ့ကိုပါ
တင်းခံခဲ့တဲ့စိတ်ကလေးသာ မရှိခဲ့ဘူးဆိုရင်
အခုချိန်ဆို ငါဟာဘာမှမဟုတ်တဲ့သူလို
လေလွင့်နေမလားပဲ

ရင့်ကျက်ပြီလားလို့ မဆိုနိုင်ပေမယ့်
သန်မာလာခဲ့ပြီမလို့
ဘယ်အရာကိုဖြစ်ဖြစ် ရင်ဆိုင်နိုင်မှာပါ
ဒီလိုအဆင်မပြေမှုတွေကိုပေါ့လေ
ကျော်ဖြတ်ရင်း ရှေ့ဆက်နိုင်လောက်မှာပါ

ငါဟာ အများကြီး ကျော်ဖြတ်ခဲ့ပြီးပြီမလို့...

#လင်းနန်
October 22

image