4 w - Translate

အကောင်းဆုံးခံစစ်ဖြစ်နေခြင်း၏ လျှို့ဝှက်ချက်ကို လီဗာပူးနည်းပြပြော

လီဗာပူးအသင်းက အကောင်းဆုံးခံစစ်ပိုင်းဆိုင်နေခြင်းရဲ့ လျှို့ဝှက်ချက်ကို နည်းပြအာနဲစလော့က ပြောပြသွားပါတယ်။

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၃ ဂိုးသာ ဂိုးပေးခဲ့ရပြီး ပေးဂိုးအနည်း ဆုံးအသင်းဖြစ်နေတာပါ။

အာဆင်နယ်အသင်းနဲ့ပွဲစဉ်မတိုင်ခင်သတင်းစာရှင်းလင်းပွဲမှာတော့ ခံစစ်က ပေးဂိုးနည်းနေခြင်းရဲ့ အကြောင်းအရင်းကို နည်းပြစလော့က ထုတ်ဖော်ပြောကြားခဲ့တာပါ။

လီဗာပူး အသင်းဟာ ပွဲစဉ်တိုင်းကို ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် ဂိုးပေးရဖို့လည်း အခွင့်အရေးနည်းသွားကြောင်း၊ ဂိုးသမား ၂ ယောက်နဲ့ ဗဟိုခံစစ်က ဗန်ဒိုက်နဲ့ ကိုနာတေးတို့ရဲ့ ၃ ယောက်ပေါင်း စွမ်းဆောင်ရည်ကောင်းမွန်တာကြောင့်လည်း ပေးဂိုးနည်းစေခဲ့တာဖြစ်တယ်လို့ နည်းပြစလော့ကပြောပါတယ်။

လီဗာပူးအသင်းဟာ ဟော်လန်နည်းပြ အာနဲစလော့လက်ထက်မှာ နော်တင်ဟမ်အသင်း ကိုပဲရှုံးခဲ့ပြီး စုစုပေါင်း ၁၂ ပွဲမှာ ၁၁ ပွဲအထိ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။
DVB

image