27 w - Translate

၂၀၂၃ ခုနှစ် မေလ (၅) ရက်မှာ ကျင်းပခဲ့တဲ့ ONE Fight Night 10 ပြိုင်ပွဲက အမေရိကန်နိုင်ငံပွဲဦးထွက်ဖြစ်ပြီး Demetrious Johnson နဲ့ Adriano Moraes တို့က ခေါင်ပွဲကစားခဲ့ဖူးပါတယ်။ အခုဆိုရင် ONE Championship က အမေရိကန်နိုင်ငံကို ဒုတိယအကြိမ်မြောက် ခြေချလို့လာပါပြီ။

စက်တင်ဘာလ (၆) ရက်မှာ ကျင်းပဦးမယ့် ONE 168 ပြိုင်ပွဲမှာ အက်တမ်ဝိတ်ချန်ပီယံ Stamp Fairtex က စတောဝိတ်ချန်ပီယံ Xiong Jing Nan ကို စိန်ခေါ်မှာဖြစ်ပြီး အခုပြိုင်ပွဲရဲ့ ခေါင်ပွဲဖြစ်ပါတယ်။ ဒုတိယခေါင်ပွဲမှာလည်း ဖလိုင်းဝိတ်ဝိတ်ကစ်ဘောက်ဆင်ချန်ပီယံ Superlek က ဘင်တန်ဝိတ်မွေထိုင်းချန်ပီယံ Jonathan Haggerty ကို စိန်ခေါ်ပါမယ်။ ONE 168 ပြိုင်ပွဲမှာ Xiong Jing Nan နဲ့ Jonathan Haggerty တို့က ချန်ပီယံကာကွယ်သူတွေဖြစ်ကြပြီး ထိုင်းနိုင်ငံသားတွေ ဖြစ်ကြတဲ့ Stamp Fairtex နဲ့ Superlek တို့က စိန်ခေါ်သူတွေပါ။

Stamp Fairtex က ကစ်ဘောက်ဆင်၊ မွေထိုင်းနဲ့ MMA မတူညီတဲ့ အားကစားသုံးခုမှာ ချန်ပီယံဖြစ်ဖူးတဲ့ ပထမဆုံးကစားသမားဖြစ်ပြီး MMA မှာလည်း ဝိတ်တန်းနှစ်ခုမှာ တစ်ပြိုင်နက်ချန်ပီယံဖြစ်ဖို့ ကြိုးစားတာပါ။

ပြောရရင် ONE Championship နည်းနည်းလောတယ်။ ဇွန်လ (၈) ရက်နေ့မှာ Stamp Fairtex က Denice Zamboanga ကို ခါးပတ်ကာကွယ်ပွဲ အရင်ထိုးရပါမယ်။ ရက်သတ်မှတ်ပြီးသားပါ။ စာချုပ်ထားတာ မှန်ပါတယ်။ အရင်အတည်ပြုထားတဲ့ ပွဲတောင် မထိုးရသေးဘဲ နောက်ပွဲထပ်အတည်ပြုတာပါ။ အရင်တုန်းကလည်း Wondergirl ကို အမွှန်းတင်ချင်လို့ အခုလိုလုပ်ခဲ့ဖူးတယ်။ တစ်ပွဲထိုးပြီးမှ နောက်ပွဲအတည်ပြုတာ ပိုကောင်းပါတယ်။ UFC အဖွဲ့အစည်းလည်း ဒီလိုပဲ။ Step by Step လေ။ ဒါမှလည်း ပွဲအရှိန်ပိုမြင့်လာမှာပါ။

Jonathan Haggerty က Nong-O ကို အလဲထိုးပြီး ဘင်တန်ဝိတ်မွေထိုင်းချန်ပီယံဖြစ်လာသလို Fabricio Andrade ကိုလည်း အလဲထိုးပြီး ဘင်တန်ဝိတ်ကစ်ဘောက်ဆင်ချန်ပီယံဖြစ်လာသူပါ။ ပြိုင်ဘက်တွေကို ပထမအချီမှာ အလဲထိုးပြီး မွေထိုင်းနဲ့ ကစ်ဘောက်ဆင်အားကစားနှစ်ခုမှာ တစ်ပြိုင်နက်ချန်ပီယံဖြစ်လာပါတယ်။

ဘင်တန်ဝိတ်မွေထိုင်းချန်ပီယံကာကွယ်ပွဲမှာ Felipe Lobo ကို အလဲထိုးပြီး ဒီနှစ်ပိုင်းအတွင်းမှာ တဟုန်ထိုးတက်လာတာပါ။ အခုက ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲပါ။ Superlek က Daniel Puertas Gallardo ကိုနိုင်ပြီး ဖလိုင်းဝိတ်ဝိတ်ကစ်ဘောက်ဆင်ချန်ပီယံဖြစ်လာတာပါ။ ချန်ပီယံကာကွယ်ပွဲမှာလည်း Danial Williams နဲ့ Takeru Segawa တို့ကို နိုင်ထားတယ်။ အခုမှသာ ဘင်တန်ဝိတ်မွေထိုင်းချန်ပီယံ Jonathan Haggerty ကို စိန်ခေါ်တာပါ။ စာဖတ်သူတွေ ဘေးကင်းပါစေ။

Reference Source - SCMP
Photo Credit - ONE Championship
Credit to ကျော်စိုးအောင် (Myanmar Fight Edition)

image