2 w - Translate

'​ဘောလုံးရဲ့ ရက်စက်တဲ့ အမှန်တရား'
​​နေမာဂျူနီယာဟာ ​ဘောလုံး​လောကရဲ့ အမှန်တရားတစ်ခုအ​ကြောင်း အခုလို​ပြောပြသွားတယ်။
''​ဘောလုံး​လောကမှာ ရူးချင်စရာကိစ္စ​တွေ ဖြစ်ပျက်​​နေတယ်။ တစ်​နေ့မှာ ​ခင်ဗျားရဲ့​ဘောလုံးအသင်းဟာ ခင်ဗျားအ​ပေါ် မှီခို​နေရပြီး ​နောက်တစ်ရက်မှာ​တော့ ခင်ဗျားကို ဘာ​ကောင်မှမဟုတ်​သလိုမျိုး လက်လွှတ်ပစ်​တော့တာပဲ''လို့ ဘရာဇီးလ်ဂန္ထဝင်က ​ပြောကြားသွားတာပါ။
ကလပ်ကစားသမားဘဝတစ်​လျှောက် ဆန်းတို့စ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ အယ်ဟီလယ်တို့၌ ဖြတ်သန်းခဲ့သူဟာ ​ရောက်​လေရာအရပ်မှာ ​လျှမ်းလျှမ်း​တောက်​အောင်မြင်တဲ့ ကစားသမားဘဝ ပိုင်ဆိုင်နိုင်ခဲ့​ပေမယ့် ဒဏ်ရာပြဿနာ​တွေက အဟန့်အတားဖြစ်ခဲ့တာပါ။
​နေမာဟာ ဒဏ်ရာ​တွေ​ကြောင့် မက်ဆီ၊ ​ရော်နယ်ဒိုတို့ကို မ​ကျော်လွန်နိုင်ခဲ့ဘူး။ ကလပ်​တွေရဲ့ ထိုက်သင့်တဲ့တန်ဖိုးထားမှုကို မခံရဘူး။ အခုလည်း သူ့ကို သူရဲ​ကောင်းပမာကြိုဆိုထားတဲ့ ​အယ်ဟီလယ်​ရောက်တာ တစ်နှစ်​ကျော်​နေ​ပေမယ့် (၅)ပွဲသာကစားရ​သေးတာ​ကြောင့် အမြင်​စောင်းမှုကိုခံ​နေရပြီ။
​နေမာတင်မက ​ဘောလုံးသမားတိုင်းဟာ အသင်း​တွေရဲ့ မျှတတဲ့တန်ဖိုးထားမှုမခံရ​ကြောင်း ကျွန်​တော့်အ​​ဖေတစ်ခါ​ပြောဖူးတယ်။ ''​ဘောလုံးသမားဘဝက နွားနဲ့မခြားဘူး။ မင်းကို ခိုင်း​ကောင်းတုန်းသာ တယုတယ​ကျွေး​မွေးပြုစုကြတာ''
''မင်းလည်း အိုမင်းမစွမ်းဖြစ်​​ရော အမဲဖျက်ဖို့ စဉ်းစား​ရော''တဲ့။ အဲတုန်းက အ​ဖေ့စကားဟာ ​ဘောလုံး​လောကထဲ ​ခြေစုံပစ်ဝင်ဖို့စိတ်ကူးယဉ်​နေသူ ကျွန်​တော့်အတွက်နားခါး​ပေမယ့် အမှန်တရားဆိုတာကို အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းနားလည်သ​ဘော​ပေါက်သွားတယ်။
တစ်ဘက်ကစဉ်းစားကြည့်ရင်လည်း လူ​တွေဟာ ကိုယ်ပိုင်လုပ်ငန်းမဟုတ်သ၍ အလုပ်ရှင်​တွေရဲ့ ခိုင်းနွားပမာဆက်ဆံခြင်း ခံ​နေရတာပါပဲ။
Credit to GoldenSports

image