3 w - Translate

ပဲပင်ပေါက်၊ ပဲပြား၊ ပဲသွေးကြော်

ပါဝင်သော ပစ္စည်းများ

ပဲပင်ပေါက် ၃၀ ကျပ်သား
ပဲပြား၂ခု
ပဲသွေး ၃ခု
ကြက်သွန်နီ ၁လုံး
ပဲငံပြာရည်အပျစ် အနည်းငယ်
ဆီ ၅ ကျပ်သား
တရုတ်နံနံ

ပြင်ဆင်ပုံ

၁။ ပဲပင်ပေါက်ကို ရေသန့်စင်အောင်ဆေးပြီး စစ်ထားပါ။
၂။ ပဲပြားနှင့် ပဲသွေးကိုစိတ်ကြိုက်အတုံးကလေးများတုံးထားပါ။
၃။ ပဲပြားကို ကျက်လာအောင်ကြော်ပြီး ဆယ်ထားပါ။ ပဲသွေးကိုလည်း ကျက်အောင်ကြော်ပြီး ဆယ်ထားပါ။

ပြုလုပ်နည်းအဆင့်ဆင့်

ဆီကျက်အိုးထဲသို့ ကြက်သွန်နီ ဆီသတ်ပြီး ပဲပြား ၊ပဲပင်ပေါက်၊ ပဲသွေး၊ ပဲငံပြာရည်ထည့်ကြော်ပါ။ ဆား သင်ရုံထည့်ကြော်ပါ။ တရုတ်နံနံအုပ်ပါ

image