3 w - Translate

"အရာအားလုံးမှာ Expired date ရှိပါတယ်"

Newsfeed ကို ပွတ်လိုက်ရင်

- မိဘတစ်ပါးပါး ဆုံးသွားသူ​တွေ ရှိတယ်
- မိသားစုနဲ့ ​ပျော်​နေသူ ရှိတယ်

- အိမ်​ထောင်ကွဲသွားသူ ရှိတယ်
- ​ယောက်ျားက ဘယ်လိုဂရုစိုက်​ကြောင်း ​ပြော​နေသူ ရှိတယ်

- လမ်း​ပျောက်​နေသူ ရှိတယ်
- ဘွဲ့ရသွားတဲ့ပုံ တင်​နေတဲ့သူ ရှိတယ်

တကယ့်ပြင်ပဘဝမှာလည်း ဒီလိုပဲ​နေမယ်။ ဘဝဆိုတာကိုက သုခ ဒုက္ခ ​ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်​​နေတာပဲ။

စိတ်ညစ်စရာ​တွေ ကြုံ​ရတဲ့အချိန်မှာ ငါတစ်​ယောက်တည်း ဒီလို​တွေ ဖြစ်​နေရတယ်လို့ ​တွေးမိခြင်းက အ​တော်ခံရခက်​စေတယ်။ ကိုယ့်ထက် ဆိုးတဲ့သူ​တွေလည်း အများကြီး ရှိ​နေ​သေးတယ် ဆိုတာကို သတိရဖို့ လိုတယ်။ ကိုယ် အခု ကြုံ​နေရတာကလည်း အချိန်တန် ပြီးသွားမှာပဲ။ ဒါကိုက ​လောကသဘာဝပဲ။

ဒီလိုသ​ဘော​ပေါက်ထားခြင်းဟာ အဆိုး​လောကဓံ​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ကို ကူညီ​ပေးပါလိမ့်မယ်။

အ​မေဆိုတာ တစ်ခါတုန်းက သမီးပါပဲ ဆိုသလို၊ ကွဲသွားတဲ့ အိမ်​ထောင်တစ်ခုဟာ တစ်ချိန်က​တော့ Right person ဖြစ်ခဲ့ဖူးတယ်။

ကျရှုံး​နေတဲ့ လူတစ်​ယောက်ဟာလည်း တစ်ချိန်က​တော့ သူ့ကိုယ်သူ ယုံကြည်မှု​တွေအပြည့်နဲ့ ဖြစ်ခဲ့ဖူးလိမ့်မယ်။

မကျန်းမာ​တော့တဲ့ လူတစ်​ယောက်ဟာလည်း အရင်က​တော့ သိပ်ဖျတ်လတ်တဲ့သူ ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။

​အ​ကောင်း​လောကဓံ​တွေကလည်း မတည်မြဲပါဘူး။ မမြဲလို့ပဲ ​လောကဓံလို့ ​ခေါ်တာ​ပေါ့။ မမြဲတာကို မမြဲဘူးလို့ သိထားလိုက်ရင် မရခင်မှာလည်း ငမ်းငမ်းတက် မဖြစ်ဘူး။ ရ​နေတုန်းမှာလည်း မ​ထောင်လွှားဘူး။ ဆုံးရှုံးရရင်လည်း သိပ်ပြီး မတုန်လှုပ်​​တော့ဘူး။

​ကောင်းတာ​​​တွေနဲ့ ကြုံရင် ​ပျော်တယ်။ မ​ကောင်းတာ​တွေ ကြုံရင် စိတ်ညစ်တယ်။ ဒါ ဘယ်သူ့မှာမဆို ​တွေ့ရတတ်တဲ့ တုံ့ပြန်မှု​တွေပါ။ သဘာဝပဲ။ ထူးပြီး အားထုတ်​နေစရာ မလိုဘူး။ အ​ခြေအ​နေ​ပေါ် မူတည်ပြီး စိတ်က အတက်အကျ ဖြစ်​နေမှာပဲ။

တကယ်တမ်း ​စိတ်ငြိမ်းချမ်းချင်တဲ့သူတစ်​ယောက်က​တော့ ကြိုးစားရပါလိမ့်မယ်။

အ​ကောင်းနဲ့ ကြုံ​နေရချိန်လည်း မမြဲခြင်းသ​ဘောကို သတိရ။ အဆိုးနဲ့ ကြုံ​နေရချိန်လည်း မမြဲခြင်းသ​ဘောကို သတိရ။

ဒါမှသာ ​လောကဓံတရား​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အတက်အကျနည်းပြီး တည်ငြိမ်စွာနဲ့ တုံ့ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

image