18 w - Translate

ကိုယ်အပေါ် အလေးမထားတဲ့သူကို
ကိုယ်ကလည်း အလေးအနက်မထားပဲ
နေကြည့်ပါ ။

ကိုယ်ကို ဂရုမစိုက်တဲ့သူကို
ကိုယ်ကလည်း ဂရုမစိုက်ပဲ
နေနိုင်အောင် ကြိုးစားကြည့်ပါ ။

ကိုယ်ကို ပေါ့ပျက်ပျက် တုံ့ပြန်သူကို
ကိုယ်ကလည်း ပေါ့ပျက်ပျက်သာ
ပြန်ဆက်ဆံလိုက်ပါ ။

ကိုယ်အတွက် အချိန်မရှိသူကို
ကိုယ်ကလည်း သူအတွက်
အချိန်တွေ မကုန်ဆုံးစေပါနဲ့ ။

ခဏခဏ နာကျင်နေတာထက်စာရင်
ပြတ်သားပါ အမှတ်လည်း ထားပါ ။
မပြတ်သားရင် အခါခါ နာကျင်ရမယ် ။
ပြတ်သားရင် တစ်ခါပဲ နာကျင်ရမယ် ။

ခဏခဏ အလိမ်မခံပါနဲ့ ။
ကိုယ်ဟာ အရမ်းညံ့တဲ့သူ မဟုတ်မှန်း သိသွားအောင်
မပတ်သတ်ပါနဲ့တော့ ။ လှည့်ထွက်ခဲ့လိုက်ပါ ။

အခါခါ နာကျင်နေတာထက်စာရင်
တစ်ကြိမ်တည်းပဲ နာနာကျင်ကျင်
ခံစားလိုက်ရတာ ပိုကောင်းပါတယ် ။

Credit-OriginalWriter
#note_pages

image