🔺 ဆုံးရှုံးမှုဆိုတာ လူတိုင်း မနှစ်သက်တဲ့ အရာပါ 🔺
ရွှေစျေးက သမရိုးကျမဟုတ်ပဲ အဆမတန်စျေးတက်နေတယ်ဆိုရင် အခြားအရင်းအနှီးလုပ်မည့် နောက်တခုကို ထပ်စဥ်းစားသင့်ပါတယ် ။
လောလောဆယ် ကျပ်ငွေ မကိုင်ထားချင်လို့ အခြားရင်းနှီးစရာဆိုရင် ရွှေ ၊ ငွေ ၊ မြေ တို့ ဖြစ်ပါတယ် ။
တခုချင်းစီမှာ အားနည်းချက် အားသာချက် ကိုယ်စီ ရှိကြပါတယ် ။
ရွှေ ၊ ငွေ ရဲ့အားသာချက်ကတော့ ပြည်တွင်းမှာ လွတ်ရင်တော့ အလွယ်တကူ သယ်ယူသွားလို့ရပေမယ့် အားနည်းချက်အနေနဲ့ ရန်သူမျိုးငါးပါး ဖျက်ဆီးခံရနိုင်သလို အသက်အန္တရာယ်ထိလည်း ဖြစ်စေနိုင်ပါတယ် ။
မြေ ရဲ့အားသာချက်ကတော့ ရန်သူမျိုးငါးပါး ဖျက်စီး၍ မရသလို စျေးနှုန်းအနေနဲ့လည်း တိုးသထက်တိုးနေမှာပါ ၊ အားနည်းချက်ကတော့ ဘယ်သွားသွား သယ်ယူ ပြောင်းရွှေ့သွားလို့ မရပါဘူး ။
နောက်ဆုံးအနေနဲ့ ပြောရရင် မြေကသာ ပိုင်ဆိုင်မှု အားအကောင်းဆုံးလို့ ပြောချင်ပါတယ်ရှင့် ။
ကျမ၏ပို့စ်က ငွေကြေးအရင်းအနှီး လုံလောက်သူတွေကို ရည်ရွယ်ပါတယ် ။
စဥ်းစားမိသလောက်လေးပါ
#ရွှေစျေး