19 w - Translate

Google Search ကို ယှဉ်ဖိုက်မယ့် Search Engine ကို ဖန်တီးနေတဲ့ OpenAI
============================================
Google က OpenAI ရဲ့ ChatGPT ကို ယှဉ်ဖိုက်မယ့် Gemini ကို ဖန်တီးခဲ့သလို OpenAI ကလည်း Google Search ကို ယှဉ်ဖိုက်မယ့် Search Engine ကို ဖန်တီးနေပါတယ်။ OpenAI ဟာ Google Search ကို ယှဉ်ဖိုက်ဖို့ ChatGPT မှာ Search Feature ကို ထည့်သွင်းမှာ ဖြစ်ပါတယ်။ အဲဒီလို ထည့်သွင်းဖို့အတွက် OpenAI ဟာ Google အင်ဂျင်နီယာတွေကို အလုပ်ခေါ်နေပါတယ်။
Bloomberg က OpenAI ဟာ အင်တာနက်မှာ ရှာဖွေမှု ပြုလုပ်ကာ နောက်ဆုံး သတင်းအချက်အလက်တွေကို ပံ့ပိုးပေးနိုင်တဲ့ Search Feature ကို ChatGPT မှာ ထည့်သွင်းဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။ OpenAI ဟာ Google အင်ဂျင်နီယာ ဘယ်နှစ်ယောက်ကို ခေါ်ယူထားပြီးပြီလဲဆိုတာ မသိရသေးပေမယ့် Google Search ဌာနမှ အင်ဂျင်နီယာတွေကို အသည်းအသန်ငှားရမ်းနေပါတယ်။
Google Search ရဲ့ သက်တမ်းဟာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ သုံးစွဲသူ သန်းပေါင်းများစွာ ရှိပါတယ်။ အဲဒီလို စွမ်းရည်မြင့်တဲ့ Google Search ကို ယှဉ်ဖိုက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ Google ကလည်း ပြိုင်ဖက် အသစ်တွေ ထွက်ပေါ်လာမယ်ဆိုတာ သိနေလို့ Google Search မှာ AI Feature တွေ ထည့်သွင်းပေးနေပါတယ်။
Ref : gizmochina
DigitalTimes

image