19 w - Translate

မိုးဟာ သူ့အလိုလို တိတ်သွားခဲ့လေသလား
ငါ မမှတ်မိတော့

ကြီးရင့်ခြင်းတွေကတော့
သူ့အလိုလို ရောက်လာခဲ့တယ်။

မပျော်ရွှင်ရခြင်းတွေကိုပါ
အပိုသယ်ဆောင်လာခဲ့တယ်။

ဖြစ်နိုင်မယ်ဆိုရင်
စိန်ပန်းနီနီအိပ်မက်တွေကို ပြန်လိုချင်ပါတယ်။

အလင်းသစ်(သဲကုန်း)
၂၃၊ မေ၊ ၂၀၂၄

image