19 w - Translate

Doge Coin ရဲ့အမှတ်သင်္ကေတ Shiba Inu ခွေးလေး ဖြစ်တဲ့ Kabosu က ဒီတစ်ပတ်ထဲမှာ သေဆုံးသွားတယ်လို့ သိရပါတယ်
Kabosu အကြောင်းကို ပြောရရင်တော့ Internet Favourite Dog (ဒါမှမဟုတ်) Cele Dog လို့ပဲပြောရမလားပဲ အင်တာနက်ပေါ်မှာ သူ့ရဲ့ပုံတွေက နာမည်ကြီးတာဆိုရင် ၁၄ နှစ်နီးပါးရှိပါပြီ
သူ့ရဲ့သခင် ပြောပြပုံအရတော့ May 24 နေ့မှာ အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ Kabosu က အိပ်နေရင်းညင်ညင်သာသာပဲသေဆုံးသွားတယ်လို့ပြောပါတယ်
သူ့ရဲ့နာမည်ကြီးလာပုံကတော့ ဂေဟာကနေ မွေးစားအပြီးမှာ သူ့ရဲ့ ပုံကို Blog Post မှာတင်လိုက်တာကနေ Reddit ပေါ်ရောက်ပြီးနာမည်ကြီးသွားတာပါတဲ့ Meme ဖြစ်သွားတာပေါ့
နောက်ပိုင်း Cryptocurrency တစ်ခေတ်မှာ Doge Coin Logo မှာထည့်သုံးတဲ့အခါ တစ်ဖန်ပြန်လည် နာမည်ပိုကြီးလာခဲ့ပါတယ်
နောက်ပိုင်း Elon Musk ကိုယ်တိုင်ကလဲ Doge Coin အကြောင်းတင်တာတွေအပြင်
X Platform (ယခင် Twitter) ရဲ့ icon ကို Doge ရဲ့ ပုံကိုပြောင်းခဲ့တာတွေကလဲ နာမည်ပိုကြီးစေခဲ့တာဖြစ်ပါတယ်။
Tech World

image