19 w - Translate

သမိုင်းမှတ်တမ်းသစ် ရေးထိုးခဲ့တဲ့
ဘာကာအမျိုးသမီးအသင်း

ဘာစီလိုနာအမျိုးသားအသင်းက ဖလားလက်မဲ့ရာသီတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဘာစီလိုနာအမျိုးသမီးအသင်းကတော့ ဂုဏ်ယူစရာ သမိုင်းမှတ်တမ်းသစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။

အမျိုးသမီး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လိုင်ယွန်ကို ၂ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ဘာကာအမျိုးသမီးအသင်းဟာ ဒီရာသီမှာ အဓိကဆုဖလား၄ခုလုံး သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

သူတို့ဟာ ဒီလအစောပိုင်းမှာ Liga F ရဲ့ ချန်ပီယံဖြစ်ခဲ့သလို ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း Copa de la Reina ဖလားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီက စပိန်စူပါဖလားကို သိမ်းပိုက်ထားနိုင်ခဲ့တာကြောင့် ဥရောပရဲ့ အမျိုးသမီးဘောလုံးချန်ပီယံတွေဟာ သမိုင်း၀င် Quadruple အောင်မြင်မှုကြီး ရရှိခဲ့ပါပြီ။

ဒါဟာ ဘာကာအသင်းရဲ့ အမျိုးသမီးအသင်းမှာ ပထမဆုံးဖြစ်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အသင်းအတွက် ဂိုးတွေကို Balloon d'Or ဆုရှင်တွေဖြစ်တဲ့ ဘွန်မာတီ၊ ပူတဲလက်စ်တို့က သွင်းယူပေးခဲ့တာလည်း အမှတ်တရပါပဲ။

ဘွန်မာတီကတော့ ၂၀၂၃ခုနစ်အတွက် Balloon d'Or ဆုကို သိမ်းပိုက်ခဲ့ပြီးနောက် Balloon d'Or 2024 ကိုပါ လက်လှမ်းနေပြီလို့ ဆိုရပါမယ်။

image