ဘဝမှာ ရွေးချယ်စရာအခွင့်အရေးတွေများစွာထဲက
တစ်ခုသာရွေးချယ်ရမယ်ဆိုရင်..
စိတ်ချမ်းသာခြင်းကိုသာ ရွေးချယ်ချင်ပါတယ်…။
ကိုယ့်ကိုယ်ကို လက်ဆောင်တစ်ခုပေးပါဆိုရင်…
စိတ်ချမ်းသာခြင်းကိုပဲ လက်ဆောင်ပေးချင်ပါတယ်..။
ကိုယ့်အနီးအနားက ချစ်ခင်မြတ်နိုးရသူတွေအတွက်
လက်ဆောင်တစ်ခုပေးပါဆိုရင်..
စိတ်ချမ်းသာစေခြင်းဆိုတဲ့လက်ဆောင်ကိုပဲ
ပါကင်လေးလှလှထုပ်ပိုးပြီး ပေးခွင့်ရချင်ပါတယ်…။
#လွန်းထားထား
#ကိုယ့်ဘဝကကိုယ့်လက်ထဲမှာ