19 w - Translate

ကန်စွန်းရွက်ယိုးဒယားထောင်း ပြုလုပ်နည်း

ကြော်စား၊ ပြုတ်စား၊ သုပ်စားတာရိုးနေရင် ကန်စွန်းရွက်ကို ထိုင်းစတိုင်လ်ထောင်းပြီးစားကြည့်ဖို့ ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ ကန်စွန်းရွက်
၂။ ဂေါ်ဖီ
၃။ ခရမ်းချဉ်သီး
၎။ မြေပဲဆန်
၅။ ငရုတ်သီးစိမ်း
၆။ ကြက်သွန်ဖြူ
၇။ ထန်းလျက်
၈။ ပုစွန်ခြောက်
၉။ နှမ်း
၁၀။ ကြက်သားမှုန့်
၁၁။ ငံပြာရည်
၁၂။ သံပုရာသီး

ပြုလုပ်နည်း
၁။ ဂေါ်ဖီ ၊ ခရမ်းချဥိသီး အနေတော်လေးတွေ လှီးထားပါ။ မြေပဲဆံ လေးစိတ်ကွဲ ထောင်းပါ။
၂။ ဆုံမှာ ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ ၊ ထန်းညက် တို.ရောထောင်းပါ။ ပြီးရင်တော. ၄င်းထဲကို ပုဇွန်ခြောက် ၊ ကြက်သားမှူန့်၊ ငံပြာရညိ၊ သံပုရာရည် လေးညစ်ပြီး မွှေထားပါ ။
၃။ ကန်ဇွန်းရွက်တွေကို အနေတော် လှီးပြီးပွက်ပွက်ဆူ နေတဲ. ရေနွေးမှာ ဆားလေးခတ်ပြီး
ရေနွေးဖျောပေးပါ ။ ပြီးရင် အစိမ်းရောင် မပျောက်အောင် ရေအေးအေးလေး လောင်းချပေးလိုက်ပါ ။
၎။ ပြီးရင်တော လှီးထားတဲ.ဂေါ်ဖီ ၊ ခရမ်းချဥိသီး တွေနဲ အတူ ဆုံမှာ ထောင်းထားတဲ. ငရုတ်သီး တွေနဲ. ကန်ဇွန်းရွက်တွေကို အသာလေး ဆုံထဲမှာမွှေပေးလိုက်ရင်ပါ။ ပြီးရင် အပ်ါကနေ မြေပဲ (သို့) နှမ်းကို ဖြူးပေးလိုက်ပါ။

ခုဆိုရင်တော့ သံပုရာနံ့လေးမွှေးနေတဲ့ ကန်စွန်းရွက်ထောင်းလေးကို သုံးဆောင်နိုင်ပါပြီနော်။
#cooking

image