19 w - Translate

ပက်ကို အလဲထိုးနိုင်တာ
စပါယ်ရှယ်၀မ်း တစ်ယောက်တည်း

ပြည်တွင်းဖလားဗိုလ်လုပွဲတွေမှာတော့
ပက်ဂွာဒီယိုလာက ဆရာတစ်ဆူလို့ ဆိုရမယ်။ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးမန်နေဂျာ ဘ၀နဲ့ Domestic Cup Final ၁၁ကြိမ်ကစားခဲ့ပြီး ၁၀ကြိမ်အထိ ဗိုလ်စွဲထားခဲ့ပါတယ်။

ပြည်တွင်း ရှူံးထွက်ဖလားဖိုင်နယ်မှာ ဂွာဒီယိုလာကို အနိုင်ယူနိုင်ခဲ့တဲ့ တစ်ဦးတည်းသော မန်နေဂျာက ဟိုဆေးမော်ရင်ဟိုပါပဲ။ ၂၀၁၁ ကိုပါဒယ်ရေးဖိုင်နယ်မှာ ပက်ရဲ့ ဘာကာဟာ စပါယ်ရှယ်၀မ်းရဲ့ မက်ဒရစ်ကို အရေးနိမ့်ခဲ့ပါတယ်။

ဒီပွဲစဉ်ဟာ မိနစ်၉၀အတွင်း အနိုင်အရှူံးမပေါ်ခဲ့ပေမယ့် အချိန်ပိုမှာတော့ ဒီမာရီယာရဲ့ ဖြတ်တင်ဘောကနေ ရော်နယ်လ်ဒိုက ခေါင်းတိုက်သွင်း‌ယူပေးခဲ့တာပါ။ ဘာကာကို တစ်ဂိုးမှ မပေးခဲ့ရတဲ့ မော်ရင်ဟိုရဲ့ ခံစစ်နည်းဗျူဟာတွေက ဒီနိုင်ပွဲမှာ အဓိကကျခဲ့တယ်ဆိုတာ ငြင်းစရာ မလိုပါဘူး။

ဒီညမှာတော့ အဲရစ်တန်ဟက်ဂ်ရဲ့မန်ယူ နဲ့ ပက်ရဲ့မန်စီးတီးတို့ Emirates FA Cup လုဖို့အတွက် ၀င်ဘလေမှာ ယှဉ်ပြိုင်သွားတော့မှာပါ။ ကတုံးချင်းတူပေမယ့် ပက်က တစ်မူးမကသာနေတော့ မန်စီးတီး ဗိုလ်စွဲဖို့ ‌ရေပန်းစားနေပြန်ပါပြီ။

image