19 w - Translate

ကိုယ့်ရဲ့ ရပ်တည်မှုက ရိုးရှင်းပါတယ်

ကိုယ့်ထက်သာတဲ့သူကိုလည်း
မနာလိုတဲ့စိတ် မရှိခဲ့ဘူး

ကိုယ်ပြောလို့ရတယ် ဆိုတိုင်းလည်း
နိုင့်ထက်စီးနင်း
ပြုမူတယ်ဆိုတာ မရှိခဲ့ပါဘူး

ကိုယ်ကတော့သာစေ သူများတော့
နာပါစေဆိုတဲ့
အတ္တတွေနဲ့လည်း မရှင်သန်ခဲ့ဘူး

ဘယ်သူအပေါ်ကိုမှ
အနိုင်မယူတတ်ခဲ့သလို
မောက်မာခြင်းမရှိခဲ့တာတောင်

ကိုယ့်အပေါ်ကိုကြ
ယုတ်မာ ကောက်ကျစ်တဲ့သူက
ခပ်များများရယ် ပါ။

ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့
ဘဝကိုရပ်တည်နေပါစေ
ကိုယ့်ရဲ့ဘဝကိုတော့
ဖြူစင်တဲ့ စိတ်ထားနဲ့သာနေထိုင်ပါတယ်

သူများမကောင်းတာက သူများပဲလေ
ကိုယ်ကကောင်းအောင်နေထိုင်ရမှာက
ကိုယ့်ရဲ့ တန်ဖိုးပဲ မဟုတ်လား

ကိုယ့်ရဲ့ စိတ်ထား မှန်ခဲ့ရင်
တစ်နေ့ကြ အကျိုးပေးလာလိမ့်မယ်လို့
ကျွန်မယုံကြည်မိပါတယ်...

စိတ်ထားတတ်ရင်မြတ်ပါတယ်..။

ကြာညိုသင်း
Everyone
@everyone
ကြာညိုသင်း စာပေ- တန်ဖိုးထားသူများ
ကြာညိုသင်း စာပေများ
📖ကြာညိုသင်း-စာပေ📖
Kyarnyo Thin Fan
ညီမလေး . . . ဖတ်ဖို့
ဘဝအတွက်ခွန်အားဖြစ်စေသောစာပေများ

image
image
image