19 w - Translate

🤍
နွေ မိုး ဆောင်း ရာသီတွေ ကိုယ်အားလုံးချစ်တာပေါ့.....
မင်းသိတယ်မဟုတ်လား ....
သဘာဝတရားတွေ ပန်းတွေအပင်တွေ နဲ့ပတ်သက်လာရင် ကိုယ်ဟာမျက်နှာများတယ်လေ.....
မိုးရာသီရောက်လာတော့လည်း အင်း.....အချစ်ဆုံးဟာမိုးရာသီပါပေါ့......
ဟိုအရင်အချိန်တွေမှာ.....
ငယ်ဘဝရဲ့အမှတ်တရတွေ နဲ့ မေ့မရတဲ့နေ့စွဲတွေရှိတယ်....
ခုအချိန်တွေမှာ.....
ငိုချင်လာတဲ့အခါအဖော်ပြုပေးတဲ့မိုးစက်တွေ နဲ့ ဂီတသံတွေမလိုတဲ့ညတွေရှိမယ်....
အပြာရောင်ကောင်းကင်ကိုသိပ်မတွေ့ရတော့လည်း မီးခိုးရောင်တိမ်တွေဟာ ကိုယ့်အတွက်တော့လှတာပဲ....
နံနက်ခင်းနေရောင်တွေသိပ်မတွေ့ရတော့လည်း မိုးရေစက်တွေဟာကိုယ့်အတွက်တော့လှတာပဲ....
အရာရာပြောင်းလည်းနေတဲ့ လောကကြီးထဲမှာ မပြောင်းလည်းပဲ ရောက်ရောက်လာတတ်တဲ့
ဇွန်လနဲ့မိုးရေတွေကို ချစ်တယ် မိုးရာသီကိုချစ်တယ် အချစ်ဆုံးဟာမိုးရာသီပါပဲ.....
မင်းသိတယ်မဟုတ်လား.....
သဘာဝတရားတွေ ပန်းတွေအပင်တွေနဲ့ပတ်သက်လာရင် ကိုယ်ဟာမျက်နှာများတယ်လေ....
#ideal?
#crdphoto

image
image
image