19 w - Translate

အလွှာတိုင်း စနစ်တကျတိုးတက်နေတဲ့အသင်းစာရင်းမှာ အာဆင်နယ်
အဆင့် ၁ ချိတ်

ကမ္ဘာတစ်လွှားမှာရှိတဲ့ အမှတ်ပေးလိဂ်တွေဆီက ဘောလုံးအသင်းတွေထဲမှာ စနစ်တကျတိုးတက်နေတဲ့အသင်းအဖြစ် အာဆင်နယ်က သတ်မှတ်ခံလိုက်ရပါတယ်။ ကမ္ဘာတစ်လွှားဆီက ထိပ်တန်းလိဂ်ပြိုင်ပွဲကြီး ၅၉ ခုကို အခြေခံပြီး ကောက်ယူလိုက်တဲ့ အလွှာတိုင်း စနစ်တကျတိုးတက်နေတဲ့အသင်းစာရင်းမှာ အာဆင်နယ်က ထိပ်ဆုံးမှာ ရပ်တည်ပြီး အဆင့် ၁ နေရာကို ရရှိသွားခဲ့တာဖြစ်ပါတယ်။

အသင်းရဲ့လူစာရင်းတည်ငြိမ်မှု၊ အသက်အရွယ် အပိုင်းအခြား၊
စာချုပ်ချုပ်ဆိုမှုဆိုင်ရာ မူဝါဒရေးရာ ကောင်းမွန်မှုတွေကို အခြေခံကာ ဒီစာရင်းကို ပြုစုလိုက်ပြီး ဒီအလွှာတိုင်းမှာ စနစ်တကျ တိုးတက်မှုအရှိဆုံးဖြစ်နေတာက အာဆင်နယ်ဖြစ်နေလို့ အဆင့် ၁ နေရာကို ရရှိသွားတာပဲဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဘောလုံးကွင်းတွင်း အောင်မြင်မှု(ဘောလုံးကွင်းတွင်း ပရိသတ်ဝင်ရောက်မှုနှုန်း ပမာဏ၊ ရုပ်သံလွှင့်ခဝင်ငွေ ရရှိမှု၊ အာဆင်နယ်ရဲ့ဒီနှစ်ဘောလုံးရာသီဝင်ငွေဟာ မန်စီးတီးထက် ပေါင်နှစ်သိန်းပဲ နည်းခဲ့ပါတယ်)၊ စီးပွားရေးအရအောင်မြင်မှု၊ ပုံရိပ်အမွေအနှစ် တိုးတက်မှုတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီး အသင်းဟာ စနစ်တကျ၊ ကျစ်ကျစ်လျစ်လျစ်၊ ထိထိရောက်ရောက်၊ ရည်မှန်းချက် မြင့်မြင့်နဲ့ စဉ်ဆက်မပြတ် တိုးတက်လာလို့ အခုလို သတ်မှတ်ခံလိုက်ရတာပဲဖြစ်ပါတယ်။

image