19 w - Translate

Apple TV 4K ဆိုတဲ့ TV Box က $149 ပဲရှိပါတယ် A15 Bionic Chipset ပါပြီးတော့ Streaming Service တွေအပြင် Apple Arcade နဲ့ ဂိမ်းဆော့နိုင်ပါသေးတယ်

HomePod Mini က $99 ပဲရှိပြီးတော့ Siri ကိုသုံးပြီး သီချင်းဖွင့်ခိုင်းတာ ၊ Smart Home Devices အနေနဲ့ အသုံးချနိုင်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်

ဒါတွေကိုကြည့်ရင် သီးသန့် အနေအထားနဲ့ လုပ်ဆောင်နိုင်မှုတွေ ကိုယ်စီရှိတဲ့ Apple Devices တွေစျေးနီးပါးကို Apple Pencil Pro ကို စျေးတင်ထားတယ်ပြောရမှာပါ

ကောင်းကွက်ကိုရှာပြောရရင် လုပ်ဆောင်မှု အသစ်တွေပါလာတဲ့ Apple Pencil Pro ရဲ့စျေးနှုန်းက အရင် Apple Pencil 2nd Gen နဲ့ စျေးတူတူပါပဲ

ဒီအချက်က Apple ကိုချီးကျူးရမှာပါ

အသစ်ပါလာတဲ့ လုပ်ဆောင်မှုတွေဆိုရင်
Haptic Motor ပါလာတာ
Squeeze Function ၊
Barrel Roll ဆိုတဲ့ Gyroscope အသစ်ကြောင့်ရလာတဲ့ Feature အပြင် Find My လိုစနစ်အသစ်တွေကအစ ပါဝင်လာတာပါ

Apple Pencil ကို တကယ်အသုံးချမဲ့သူတွေဘက်က ကြည့်ရင် စျေးပိုမကြီးလာတဲ့အပြင် Feature အသစ်ကြောင့် တကယ်ကိုတန်ပါတယ်

ပြသနာက Apple Pencil Pro က အသစ်ထွက်ထားတဲ့ iPad Pro (M4) နဲ့ iPad Air (M2) တွေနဲ့ Support လုပ်တာပါ

Apple Pencil Pro က စျေးပိုမကြီးလာဘူးဆိုပေမဲ့ သုံးချင်တယ်ဆိုရင် iPad Air သို့ Pro အသစ်တွေကို $600 လောက်အနည်းဆုံးထပ်သုံးပြီး ဝယ်ရမဲ့ အချက်တော့ရှိပါတယ်

image