19 w - Translate

ဓာတ်ပုံရိုက်ကူးမှုအတွင်း မျက်နှာအမူအရာအမျိုးမျိုးလုပ်ခဲ့တဲ့
မွေးကင်းစကလေးလေး

ဓာတ်ပုံဆရာတစ်ဦးက မွေးကင်းစကလေးလေးရဲ့မျက်နှာအမူအရာအမျိုးမျိုးဖြစ်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့ပါတယ်။ အဲ့ဒီနောက် ကလေးလေးရဲ့ဓာတ်ပုံရိုက်ကူးမှုက ပျံ့နှံ့သွားခဲ့ပါတယ်။ ထရန့်ဆိုတဲ့ ၇ ရက်သားကလေးလေးကို သူ့မိခင်ဖြစ်သူ ဂျက်စီကာ မန်ဒီက အခုလအစောပိုင်းမှာ ဓာတ်ပုံဆရာ လောရန့် ကာဆန်နဲ့ ဓာတ်ပုံရိုက်ကူးဖို့အတွက် ခေါ်လာခဲ့တာပါ။

လော့ရန်က ကလေးတော်တော်များများကို ဓာတ်ပုံရိုက်ပေးခဲ့ဖူးပေမဲ့ ထရန့်လို မျက်နှာအမူအရာအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံတာကို မကြုံခဲ့ဖူးဘူးလို့ ဆိုပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအတွင်း ထရန့်က မျက်နှာအမူအရာ အမျိုးမျိုးလုပ်တော့ သူ့အမေနဲ့ ဓာတ်ပုံဆရာလောရန့်တို့ ရယ်မောခဲ့ရပါတယ်။ အဲ့ဒီဓာတ်ပုံတွေက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားတော့လည်း လူမှုကွန်ယက်အသုံးပြုသူတွေကိုလည်း ရယ်မောစေခဲ့ပါတယ်။

image
image
image
image