19 w - Translate

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ခရီးသည်အများဆုံး လာရောက်လည်ပတ်တဲ့မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ခရီးသည် ၂၂.၇၈ သန်းအထိ လာရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ Airports of Thailand Plc (AoT) ကုမ္ပဏီလက်အောက်မှ ထိုင်းလေဆိပ်တွေရဲ့ဝင်ငွေဟာ ဘတ် ၃၄.၁၉ ဘီလျံအထိ ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ် အလားအတူ ကာလအပိုင်းအခြားနဲ့ယှဉ်ရင် ၇၁.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်အပါအဝင် နိုင်ငံတကာလေဆိပ် ၆ ခုမှာ ခရီးသည် ဆိုက်ရောက်၊
ထွက်ခွာမှု သိသိသာသာ မြင့်တက်လာတာနဲ့အမျှ ဝင်ငွေလည်း အဆမတန်
တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

image