19 w - Translate

လူကိုအန္တရာယ်ဖြစ်စေနိုင်သော ခရမ်းချဥ်သီးအစေ့

ခရမ်းချဥ်သီးစားလျှင် အတွင်းမှာရှိသော အစေ့များကို အတတ်နိုင်ဆုံးဖယ်ရှားပြီးမှ စားသုံးသင့်ပါသည်။ ထိုအစေ့များက အဓိကပြဿနာ (၂) ခု ပေးပါသည်။ ပထမပြဿနာမှာ အစေ့များသည် အစာအိမ်နှင့် အူနံရံမှ ထုတ်လုပ်လိုက်သော အစာခြေရည်များတွင် အလွယ်တကူ မပျက်စီးနိုင်သောကြောင့် အူအတက်နေရာ၌ပိတ်ပြီး အူအတက်ရောင်ခြင်း (Acute appendicitis) ဖြစ်ပွားနိုင်ပါသည်။ အူအတက်ရောင်ပါက အချိန်မီခွဲစိတ်ကုသရန် လိုအပ်ပါသည်။ အချိန်မီမခွဲစိတ်၍ အူအတက်ပေါက်သွားခဲ့လျှင် အသက်ဆုံးရှုံးနိုင်ပါသည်။ ဒုတိယပြဿနာမှာ အစေ့များကို အစာခြေရည်များမှ ချေဖျက်ပျက်စီးသွားပြီး အူနံရံမှစုပ်ယူလိုက်လျှင် သွေးထဲတွင် ယူရစ်အက်ဆစ် (Uric acid) များတက်စေပါသည်။ အစေ့တွင်ပါဝင်သော ပြူရင်းအယ်ကာလွိုက် (Purine alkaloid) များက ခန္ဓာကိုယ်ထဲတွင် ယူရစ်အက်ဆစ်အဖြစ် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ သာမန်လူကောင်းဆိုလျှင် ပြဿနာမရှိသော်လည်း ယူရစ်အက်ဆစ်များနေသည့် ဂေါက် (Gout) ရောဂါလိုမျိုးရှိလျှင် ရုတ်တရက် အဆစ်အမျက်များ ရောင်လာတတ်ပါသည်။ ထို့ကြောင့် ခရမ်းချဥ်သီးစားလျှင် အစေ့များကို ဇကာနှင့်တိုက်၍ ဖယ်ရှားပြီးမှစားသင့်ပါသည်။ ပြည်ပနိုင်ငံများတွင် ခရမ်းချဥ်သီးဆော့စ်ပြုလုပ်သည့် နည်းစဥ်တွင်ဖြစ်စေ၊ စည်သွပ်ဘူးများထဲတွင် ခရမ်းချဥ်သီးထည့်ရာတွင်ဖြစ်စေ အစေ့များကို မဖြစ်မနေဖယ်ထုတ်ပေးရပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

image