19 w - Translate

ပြောင်းလဲသွားတယ်လို့ ထင်ရင်
ငါ့အပေါ်ဆက်ဆံခဲ့ပုံတွေကိုပြန်သတိရပါ။

ငါလည်းအေးစက်ပြတတ်သလို
ထင်ထားတာထက် သူစိမ်းဆန်ပြတတ်တယ်။

ငြင်းခုန်ပြီး ရှင်းပြနေရလောက်သည့်အထိ
ငါမေတ္တာပျက်ခဲ့ဖူးတဲ့နေ့ရက်တွေမရှိခဲ့ဖူးပါဘူး
မယူတတ်လို့
ငါ့မေတ္တာတွေမရခဲ့ရုံနဲ့တင်
ငါ့ကဒီလိုလူစားမျိုးပါဆိုပြီး
အပြစ်တင်လဲ ငါကအေးဆေးပါပဲ။

ခုနောက်ပိုင်း
စကားတွေအများကြီးပြောနေရတာထက်
သီးသန့်နေရာဒေသတစ်ခုမှာ
ငါတစ်ယောက်တည်း
အေးအေးချမ်းချမ်းပဲ ရှင်သန်ချင်တော့တယ်။

Author-ဖားစည်ရည်ကျော်

image