19 w - Translate

လူတစ်ယောက်ကို အချိန်အကြာကြီး
ချစ်ပြီးသွားတဲ့အခါ နောက်ထပ်ထပ်ချစ်ဖို့
မလွယ်တော့ဘူး..

သူနဲ့ပြီးခဲ့တဲ့ ဇာတ်လမ်းကို နောက်တစ်ယောက်နဲ့
အစကနေ ပြန်စရမှာကို ပျင်းသွားတတ်တာမျိုးလေ

ဒီစကားလုံးတွေ ထပ်ပြီးပြောရမယ် ပြီးတော့..
ထွက်မသွားဖို့ ထပ်ပြီးတော့ ကိုယ့်ဘက်က ချည်ရမယ်...

ဘယ်တော့များထားသွားမလဲ နောက်တစ်ခေါက်
ထပ်ပြီးကြောက်ရွံ့နေရမယ့် အဖြစ်မျိုးတွေကို
မလိုချင်တော့တာ...စသည်ဖြင့်ပေါ့..

ပျော်လဲပျော်ဖူးသွားပြီ ငိုလဲ ငိုခဲ့ပြီးသွားပြီ..
တစ်ချို့တွေ Roပြနေတယ်ဆိုတာ တစ်ချိန်က
ကိုယ်လုပ်ခဲ့တဲ့ အရာတွေပဲလို့ တွေးမိတဲ့အခါ
ရင်ခုန်စရာ ပျော်စရာ မကောင်းတော့ဘူး..

ဒီလိုပါပဲ... လူတစ်ယောက်နဲ့ နှစ်တွေအကြာကြီး
ချစ်ပြီး နောက်ဆုံးကွဲကွာသွားရတဲ့အခါ
နောက်ထပ် ထပ်ချစ်ဖို့ မလွယ်ကူတော့ဘူး

#ကျေးကို

image