33 w - Translate

စကားလည်း နည်းနည်းလောက်သာ ပြောခွင့်ရှိဦးမယ်ဆိုရင်လေ ... ဘာလို့ ထားခဲ့တာလဲဆိုတဲ့ မေးခွန်းတွေ မမေးဘူး ပြန်လာပါလားဆိုပြီးတော့မှလည်း မဖြစ်နိုင်တဲ့ အရာတွေကို မတောင်းဆိုပါဘူး ။ တစ်ခုပဲ မင်း ငါ့ကို ချစ်ခဲ့ဖူးရဲ့လားဆိုတဲ့ မေးခွန်းလေးတစ်ခုပဲ မေးချင်တယ် ။ အနည်းဆုံးတော့ မင်းချစ်ရတဲ့ လူတစ်ယောက် ဖြစ်ဖူးချင်ရုံလောက်ပါ ။ အဲ့ဒီ ဆန္ဒလေး ပြည့်၀သွားရင် မင်းပျော်နေတာကို ငေးဖို့ လုံလောက်ပြီ ဖြစ်သလို ဘယ်တော့မှ ပြန်မလာမယ့်လူကို လွမ်းနေလည်း ဖြစ်ပါတယ် ။ တစ်ကြိမ်လောက်ပါပဲ ...မင်း ချစ်ခဲ့ရဲ့လားဆိုတဲ့ မေးခွန်းလေး မေးချင်နေမိတယ် ။

သေသေချာချာကြီး ငါ့ကို ချစ်ခဲ့တာပဲဖြစ်ဖြစ် မတော်တဆ ချစ်ခဲ့ဖူးတာပဲ ဖြစ်ဖြစ် ဒီနှစ်တွေမှာ ... အနည်းဆုံးတော့ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ အဖြေလေးကြားချင်မိတယ် ... အဲ့ဒီနောက်မှာ မချစ်တော့တာပဲဖြစ်ဖြစ် မချစ်ချင်တော့တာကိုပဲဖြစ်ဖြစ် လက်သင့်မခံချင်လည်း လက်သင့်ခံရမယ့် လူတစ်ယောက်ပဲလေ ။ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ အရာလေးတစ်ခုနဲ့ ရင်နင့်အောင် ချစ်ခဲ့ရခြင်းတွေက တန်ဖိုးမမဲ့ခဲ့ကြောင်း သက်သေထူပြချင်ရုံပါ ။

#ကျေးကို

image