19 w - Translate

Apple ရဲ့ MacBook နဲ့ ယှဉ်ကာ Surface Laptop အသစ်တွေကို မိတ်ဆက်ခဲ့တဲ့ Microsoft

Microsoft ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့တုန်းက သူတို့ရဲ့ Surface Laptop အသစ်တွေကို မိတ်ဆက်ခဲ့ပါတယ်။ ထူးခြားချက်အနေနဲ့ ဒီပွဲမှာ Surface Laptop အသစ်တွေကို Apple ရဲ့ MacBook နဲ့ ယှဉ်ပြီး မိတ်ဆက်သွားခဲ့တာပဲဖြစ်ပါတယ်။

မတ်လတုန်းက ထုတ်လုပ်ခဲ့တဲ့ Surface Laptop 6 နဲ့ ကွာခြားသွားတဲ့ တစ်ချက်ကတော့ ဒီ Surface Laptop အသစ်မှာဆိုရင် Intel’s Core Ultra အစား Qualcomm ရဲ့ Snapdragon X Elite Chipset ကို သုံးထားတာပဲဖြစ်ပါတယ်။ အရင် Laptop တွေထက် Performance ပိုင်းမှာ ပိုမိုကောင်းမွန်စေဖို့အတွက် Microsoft အနေနဲ့ AI Feature ပေါင်း (၄၀) ကျော်နဲ့အတူ Neural Processing Unit (NPU) တို့ကိုပါ ထည့်သွင်းကာ အဆင့်မြှင့်တင်ခဲ့ရတယ်လို့ တွေ့ရှိရပါတယ်။

ဒီလို အဆင့်မြှင့်ထားတာကြောင့်လည်း ကုမ္ပဏီဘက်က Surface Laptop အသစ်တွေဟာ Apple ရဲ့ နောက်ဆုံးထွက်ထားတဲ့ MacBook Air ထက် သာလွန်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီ Surface Laptop အသစ်များကိုတော့ ဇွန်လ (၁၈) ရက်နေ့မှ စတင်ရောင်းချသွားမှာဖြစ်ပြီး Pre-order စတင်မှာယူနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိတ်ဆက်ပွဲမှာဆိုရင်တော့ Microsoft ရဲ့ ပါတနာကုမ္ပဏီတွေဖြစ်ကြတဲ့ Lenovo, ASUS, Dell နဲ့ HP တို့ကလည်း သူတို့ရဲ့ Laptop အသစ်များကို ထပ်မံမိတ်ဆက်ခဲ့တဲ့အပြင် Laptop အများစုဟာ Copilot Plus ထည့်သွင်းအသုံးပြုထားကြောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ Surface Laptop အသစ်မှာ ပါဝင်လာတဲ့ AI Feature အချို့ဟာ လူပြောများနေသလို စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေပါတယ်။

image